အောင်မြတ်သာနှင့်မောင်နှံ၇ဖော်(စ/ဆုံး)


++++++++++++++++++++++++++

ဒလိမ်း ဂျိမ်း ဂဒုန်း.......
မိုးခြိမ်းသံတွေက အထက်ဝဋာကောင်းကင်ယံမှာ အသူရာနှင့်သိကြားစစ်ခင်းနေသည့်အလား ပြင်းထန်စွာ ထွက်ပေါ်နေသော မိုးတွင်းကာလအချိန်..
ကိုရင်မောင်.. မနက်လင်းအားကြီးနေပီ ထတော့
ဒီအချိန်ဆို ကွင်းတွေထဲရေလျှံနေလောက်ပီ..
ဖားငါးလေးရှာပါဦးတော်.. ဟင်းစားလေးရလိုရငြား

မသိန်းရဲ့လှုပ်နိုးမှုကြောင့် ကိုရင်မောင် အိပ်ယာထက်က လူးလဲထလိုက်တယ်...
ဝါး... အိပ်လို့ကလဲကောင်းလိုက်တာ
မသိန်း ..
ဒီနေ့ငါနေရာတစ်ခုတွေ့ထားတယ်
အဲဒီဘက်မှာ သားငါးပေါတယ်
ဘယ်သူမှမသွားရဲလို့ အိုင်တွေထဲမှာ ငါးတွေဆိုတာ ခုန်ပေါက်နေကြတယ်လို့ ဘေးအိမ်က ကိုသာလှ ပြာတာမနေ့ကကြားလိုက်တယ်..
.....
အိုတော်.. ဘယ်သူမှမသွားတဲ့နေရာ မသွားပါနဲ့ အန္တရာယ်ကများပါဘိနဲ့..
စွန့်စားလိုက်ရင် အိမ်အတွက်ဟင်းစားနဲ့ အပိုငွေလေးရတာပေါ့..
....
သတိလေးတော့ ထားပါတော်
အန္တရာယ်ကိုလဲ ကြည့်ရှောင်
သွားရင်လဲစောစောသွား
စောစောလဲပြန်ခဲ့ဦး
....
ကိုရင်မောင်လဲ ပလိုင်းတစ်လုံးနဲ့ ကွန်တစ်လက် လွယ်ပြီး အနောက်ဘက်တောထဲကို ထွက်လာခဲ့ လိုက်တယ်..
တောထဲရောက်တော့ ကိုသာလှပြောတဲ့ ရေအိုင်ကို လုံးဝမတွေ့ရပေ..
ပတ်ပတ်လည်လိုက်ရှာပြန်တော့ ရေအိုင်နဲ့တူတာ ဆိုလို့ ဘာမှမတွေ့..
....
ဒီလူငါ့ကိုများနောက်နေသလားလို့တောင်ထင်မိတယ်.
အဲလိုနဲ့ အရှေ့ဘက်ကိုဆက်သွားရင်း ဆက်သွားရင်း.တောနက်ထဲကို မသိမသာရောက်လာခဲ့တယ်.
ငါမျက်စိများမှောက်လေသလား..
ဒီနေရာမဟုတ်လောက်ဘူး
ရေအိုင်ကလျှို အောက်မှာလို့ပြောပြီး လျှိုအောက်မှာ ဘာမှမတွေ့တာ.ထူးဆန်းတယ်..
......
ကိုရင်မောင်လဲ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တဲ့ အချိန်..
ဗွမ်း ဗွမ်း ဗွမ်း..
ရေထဲကူးခတ်နေတဲ့ အသံတွေ ကြားလိုက်ရတယ်
....
ဟာ.. တကယ်ရှိတယ်ဟ
ရေသံကြားတယ် ဒါဆို.ဒီအနားမှာပဲ အိုင်ရှိလိမ့်မယ်
ကမန်းကတမ်း ထပြီး...
အသံကြားရာ ဘက်သို့ ပြေးသွားလိုက်မိတယ်
....
ခြုံအကွယ်လဲရောက်ရော..
အလိုလေး..
မိန်းကလေး ၇ယောက် ရေဆော့နေကြပါလား..
တောထဲတောင်ထဲမှာ မိန်းကလေးတွေပဲဆိုတော့
ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူး..
ဥစ္စာစောင့်တွေများလား
ကိုရင်မောင်စဉ်းစားနေတဲ့အချိန်..
......
အဟီးဟီး အဟက်အဟက်
အနောက်ကနေ အက်ကွဲနေတဲ့ ရီသံကြီးကြားလိုက်ရတယ်
ကိုရင်မောင် အနောက်ကိုလှည့်ကြည့်လိုက်တော့
အစွယ်ကြီးတွေပြူးထွက်နေတဲ့ ဘီလူးကြီးတစ်ကောင်ကို.မြင်လိုက်ရပြီး.လောကကြီးနဲ့ခေတ္တအဆက်ပြတ်ခဲ့တယ်..
....
....
ကိုရင်မောင်သွားတာ နောက်ကျလှပါလား
ခုထိပြန်မရောက်သေးဘူး
တစ်ခုခုများဖြစ်နေလို့လား
ကိုရင်သာလှ ကိုရင်သာလှ
တော်တို့.တော်ထဲသွားတာ.ကိုရင်မောင်ကိုများ တွေ့ခဲ့သလားရှင်..
....
မတွေ့မိဘူးကွဲ့
သူမပြန်လာသေးဘူးလား
...
မနက်ထဲကသွားတာ.ခုထိမရောက်သေးလို့
အိုင်ပက်မယ်ဆိုပြီး တောထဲဝင်သွားတာ.ခုထိပြန်မရောက်သေးလို့.
ဟာ.. ဒီကောင်ကွာ
မောင်နှံ၇ဖော်ကန်ကို သွားတယ်ထင်တယ်
ကိုယ်ကျိုးတော့နည်းကုန်တော့မယ်
အဲဒါက ဘယ်သူမှမသွားရဲဘူး အရမ်းကြမ်းတဲ့နေရာ
...
သကောင့်သားတစ်ကောင်နဲ့တော့ခက်ပီ
လာကြလာကြ
တောထဲ လူစုခွဲပီး ရှာကြရအောင်
မီးတုတ်တွေပါယူခဲ့ကြ
အချိန်ကလင့်နေပီ
...
ရွာသားတွေလဲ မီးတုတ်ကိုယ်စီနဲ့.တောထဲဝင်ပြီး ကိုရင်မောင်ကို.လိုက်ရှာကြတယ်
အချိန်အနည်းငယ်ကြာတော့.
ဒီမှာ ဒီမှာ ပိုက်တွေတွေ့တယ်
ဖိနပ်လဲကျခဲ့တယ်
...
သွေးကွက်တွေမတွေ့တော့ တောရဲတိရိစ္ဆာန်တွေ.ဆွဲသွားတာတော့.မဖြစ်နိုင်ဘူး
ဒါ တစ်ခုခုပဲ...
ကိုရင်သာလှ ဒီမှာခြေရာတွေ
ရေကန်ထဲကိုဆင်းသွားတဲ့ ခြေရာတွေ
ပြန်တက်လာတဲ့ခြေရာကိုတော့မတွေ့ဘူး
....
ရေဆင်းကူးပြီး.ရေနစ်တာလား
ရေကန်ထဲကိုပြုတ်ကျတာလား
ဝေခွဲမရဖြစ်နေချိန်...
သာလှရေ.. ငါ့ကိုကယ်ပါဦး
သာလှ သူငယ်ချင်း ငါ့ကိုသူတို့ဖမ်းထားတယ်
ကယ်ပါဦးကွာ အီးဟီး ဟီး ဟီး..
....
ဒါ ရင်မောင် အသံပဲဟ
အသံပဲကြားပီး လူမတွေ့ရဘူး
ရှာကြစမ်း အသံကဒီနားတစ်ဝိုက်ကပဲလာတာ

သာလှ သာလှ ငါ့ကို သူတို့ ဝလူးဝလူးဖလူး...
စကားသံက တစ်ဝက်တစ်ပြတ်မှာရပ်သွားခဲ့တယ်
တစ်စုံတစ်ယောက်က ရင်မောင်ပါးစပ်ကို ဖမ်းပိတ် လိုက်တာဖြစ်မယ်..
.....
ဒီကောင် တောဖွက်ခံထိပီထင်တယ်
ဒုက္ခတော့များပီကွာ..
ဒီနေရာကို မလာပါနဲ့လို့ အတန်တန်.တားထားတဲ့ ကြားထဲကနေ ရောက်ဖြစ်အောင် လာသေးတယ်
ခုတော့ ဒုက္ခရောက်ကြပီ..
....
လာကွာ ငါတို့လဲ ဘာမှမတတ်နိုင်ဘူး
မနက်ကျမှ ရွာဦးဆရာတော်ကို လျောက်တင်ပြီး ဘာဆက်ရမလဲဆိုတာ အကြံတောင်းမှဖြစ်မယ်
ကဲကဲအားလုံး လူစုကြ
ရွာပြန်ကြမယ်ဟေ့
....
မသိန်းတစ်ယောက် အရူးမီးဝိုင်းသလို မြေပေါ်လိမ့်ပီး ငိုနေတောတွေ့တော့ ..
ကိုသာလှလဲစိတ်မကောင်းဘူး
ဆရာတော်ကတော့ ကန်တော့ပွဲနဲ့တောင်းပန်ကြည့် လို့တော့ပြောတယ်
သူတို့ပိုင်နက်ထဲရောက်သွားတော့ သူတို့ကျေနပ်မှ ရင်မောင် ပြန်လာနိုင်မယ်ဆိုပီး မိန့်တော်မူတယ်
.....
ဒီလိုနဲ့ နေ့ခင်းတစ်ချက်တီးလောက်မှာ..
ယောဂီဝတ်စုံဝတ်ထားတဲ့ လူငယ်နှစ်ယောက် ရွာထဲကို ဝင်လာတာ တွေ့လိုက်ရတယ်
ထိုလူငယ်နှစ်ယောက်က ဆရာတော်ဘုရားကျောင်း အပေါ်ကိုတက်သွားတော့...
ကိုသာလှ လည်း အနောက်ကနေ မယောင်မလည်နဲ့ လိုက်တက်သွားရင်း.
ဆရာတော်နဲ့ ဘာတွေပြောလဲဆိုတာ တိ်တ်တိတ်လေးခိုးနားထောင်နေလိုက်တယ်။
......
ကဲ.ဒကာလေးတို့ ဘုန်းဘုန်းတို့ရွာမှာ အခုလက်ရှိ ဖြစ်နေတာက အဲဒါပဲကွယ်
ဒကာလေးတို့လဲ ပဌာန်းဆက်ရှိလို့ ဒီရွာကို ရောက်လာတယ်
ပဌာန်းဆက်ရှိလို့ ဒီလိုကူညီခွင့်ရတယ်လို့ပဲ မှတ်ယူကြပါ။
တင်ပါ့.ဘုရား တပည့်တော်တို့အတွက်လဲ အကျိုးမယုတ်ပါဘူး..
တပည့်တော်တို့ ဒီကိုလာတာကလဲ ဌာပနာပစ္စည်း ပေးမယ်ဆိုလို့ လာယူရတာပါ..
.......
ဟေ... ဟုတ်လားကွဲ့
ဒါဆို.အဆင်သင့်လိုက်လေ
ဒကာလေးတို့ပဲ ရင်မောင်ကို ပြန်ခေါ်လာပေးခဲ့ပါ
သူတို့စိတ်ဆိုးနေလဲ ချော့မော့ပြောဆိုပြီး ပြန်ခေါ်လာခဲ့လိုက်ကွယ်
...
တင်ပါ့ ဘုရား
တပည့်တော်တို့ကို သွားခွင့်ပြုပါဘုရား
အိမ်း ကောင်းလေစွ ကောင်းလေစွ
ဘေးကင်းလို့ ရန်ရှင်းကြပါစေ
...
ကိုသာလှလည်း ကျောင်းပေါ်က ကတမ်းကတန်း ပြေးဆင်းလာရင်း ..
မသိန်း.. နင်ယောကျၤားကို ပြန်ခေါ်ပေးမယ်တဲ့
နင်ဝမ်းမနည်းနဲ့တော့
ခုပဲ ဆရာတော်နဲ့ ယောဂီဝတ်လူငယ်နှစ်ယောက်ပြောတာ.ကြားလိုက်တယ်
.....
အိုတော်...
ဒီလိုနတ်ကြီးတဲ့နေရာမှာ.ပျောက်သွားတဲ့သူကို ဒီလူငယ်တွေက.ဘယ်လိုပြန်ခေါ်နိုင်မှာလဲ..
မဖြစ်နိုင်ပါဘူးတော်.
....
ဘာပဲဖြစ်ဖြစ် ငါတို့စောင့်ကြည့်တာပေါ့
ဟော ဟိုမှာ လူငယ်နှစ်ယောက် တောထဲဝင်သွားပီ
ငါတို့ဒီကနေ စောင့်ကြည့်နေမယ်
ညနေစောင်းလောက်မှ သူတို့ပြန်မလာရင် နင်လဲစိတ်လျော့လိုက်တော့
....
တစ်ရွာလုံးကလဲ လူငယ်နှစ်ယောက်ပြန်လာမယ့် အချိန်ကို စောင့်ရင်းစောင့်ရင်း ..
အချိန်ကတစ်ဖြေးဖြေးလင့်လာတယ်
နေရောင်က မှိန်ကျပြီး
နေအဝင် လအထွက်အချိန်ကျရော.
ဟေး.ဟေး သာလှ
မသိန်း .
ငါလွတ်ပီဟေ့
ငါလွတ်လာပီဟ
.....
ဟာ ရင်မောင် အသံ
ဒီကောင်.ပြန်ရောက်လာပီ
သူငယ်ချင်း.မင်းဘာမှမဖြစ်ဘူးနော်
....
ငါဘာမှမဖြစ်ဘူး..
ငါ့ကို ယောဂီဝတ်လူငယ်လေးနှစ်ယောက်က ကယ်လိုက်တာ...
သူတို့ကော.. ခုနက ငါ့အနောက်မှာပါလာတယ်လေ..
....
မမြင်မိဘူးကွ မင်းတစ်ယောက်ပဲပြေးလာတာတွေ့တာ...
ရင်မောင် ဘေးဘီကို လိုက်ကြည့်တော့လဲ အစအနတောင်မတွေ့..
....
ကဲ.ဖြစ်ကြောင်းကုန်စင်လေး ပြောပြဦး
ဒီလို သာလှရဲ့..
ငါ ကွန်ပစ်ဖို့ ရေကန်ကိုအသွား
ရေကန်ထဲမှာ မိန်းကလေး၇ယောက် ရေဆော့နေတာ...
ငါတစ်သက်မှာ ဒီလောက်ချောတဲ့မိန်းမမမြင်ဘူးဘူးကွာ.
အဲမှာ ငါလဲသတိလွတ်ပီး ကြည့်နေတုန်း
အနောက်ကနေ ငြီးသံကြီးကြားလိုက်ရတယ်
....
ငါလဲ အနောက်လှည့်ကြည့်တော့
အစွယ်အဖွေးသားနဲ့ ဘီလူးကြီးကွ
သူက.ငါ့ကို ဖမ်းပြီး ဂူထဲခေါ်သွားတာ
ဂူထဲရောက်တော့ ငါ့ကို ကြိုးနဲ့တုပ်ပြီး ဖမ်းထားတာကွ...
.....
ငါဂူထဲကနေ မင်းတို့လာရှာတာကိုတွေ့တယ်
မင်းတို့ရပ်နေတဲ့ နေရာနားမှာပဲ ဂူရှိနေတာ
ဒါပေမယ့် မင်းတို့ငါ့ကိုမတွေ့ဘူး
ငါအော်ခေါ်တော့.ငါ့ကိုအနောက်ကနေချုပ်ပြီး ပါးစပ်ကိုအာ်မရအောင် ပိတ်ထားကြတာ
......
မင်းကို.ဘယ်သူတွေက ပိတ်ထားတာလဲ
ဂူထဲမှာ သရဲတစ္ဆေတွေအများကြီးပဲ
သူတို့က မောင်နှံ၇ဖော်ဆီမှာ ခယနေတာ
ဂူထဲမှာဆိုတာ ရွှေငွေကျောက်သံပတ္တမြားတွေ အများကြီးပဲ
ဂူထဲမှာ မီးထွန်းစရာမလိုဘူး
ရတနာတွေကထွက်တဲ့ အလင်းရောင်နဲ့တင် အကုန်မြင်နေရတာ
.....
ငါ့ကို အဲမှာတစ်ရက်ချုပ်ထားကြတယ်
နောက်နေ့မှာ မောင်နှံ၇ဖော် အပြင်သွားတာကို ငါတွေ့တယ်
အဲဒီအချိန် ဂူထဲမှာ ငါနဲ့ပုံဆိုးပန်းဆိုးကောင်တွေပဲ ကျန်တာ..
ငါ့ခဗျာ မကြည့်ရဲလို့ မျက်လုံးကိုပိတ်ထားရတယ်
.....
အဲလိုပိတ်ထားတဲ့အချိန်မှာပဲ
ငါ့မျက်လုံးပေါ်ကို စူးရှတဲ့အလင်းတန်တစ်ခု ကျလာသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
ယောဂီဝတ်လူငယ်နှစ်ယောက် ဂူပေါက်ဝရောက်နေကြတာ.
သူတို့ကိုယ်ကနေ ရွှေရောင်တွေတဖိတ်ဖိတ် ထွက်နေတာကို.တွေ့ရတယ်
.....
အဲမှာ ဂူထဲက မကောင်းဆိုးဝါးတွေက လူငယ်နှစ်ယောက်ကို ရန်ပြုဖို့ အသွား...
အရှေ့ဆုံးက လူငယ်က လက်ဖဝါးနဲ့ပဲကာလိုက်တာ ဟိုကောင်တွေ အနောက်ကို ပစ်လဲကျတာ
နောက်မှငါသိတာက အဲဒီမကောင်းဆိုးဝါးတွေဟာ ငါလိုပဲ စည်းကျော်လို့အသတ်ခံရတဲ့လူတွေဆိုတာပဲ
.....
ဘယ်လိုသိရလဲဆိုတော့..
လူငယ်နှစ်ယောက်ရောက်တာကိုသိတာနဲ့
မောင်နှံ၇ဖော်ကလဲ ချက်ချင်းပြန်ရောက်လာတယ်
အဲဒီမှာ လူငယ်တွေကို ထိုင်ကန်တော့တာပဲ
....
ငါတော်တော်အံ့သြသွားတယ်
ဒီလူငယ်တွေက.ဘာတွေလဲပေါ့
ခဏနေတော့ လူငယ်တွေကို ရွှေသေတ္တာတစ်လုံး ပေးလိုက်တယ်
ဘုရားတည်ရင် သူတို့ကိုအမျှတန်းပေးဝေဆိုပြီးလဲ ပြောတယ်
....
အဲဒီအချိန် ငါ့ဘေးနားက မကောင်းဆိုးဝါးတွေအကုန်လုံး ငါတို့လို.သာမန်လူပုံစံပြောင်းသွားတာပဲ..
မပြောင်းတာဆိုလို့ ဂူစောင့်ယက္ခတစ်ယောက်ပဲ ရှိတယ်
....
ဂူထဲက အစောင့်တွေအကုန်လုံးကို လူငယ်လေးက လွှတ်ပေးလိုက်တာ
ငါ့ကိုလဲ ကြိုးဖြေပေးပြီး ဇက်ပိုးကို လက်နဲ့ဖိချလိုက်တာ ငါမေ့သွားတယ်
သတိရတော့ ငါပိုက်ကွန်တွေ ချထားတဲ့ ဘေးမှာ ပြန်ရောက်နေတာ
.....
ဘေးမှာက ယောဂီဝတ်လူငယ်နှစ်ယောက်က ပြုံးပြုံးကြီး ငါ့ကိုကြည့်နေတာ
ပီးတော့ .. ကိုရင်မောင် ရွာကိုပြန်လိုက်ပါဦး
ခင်ဗျား သူငယ်ချင်းတွေရော မိန်းမရော စောင့်နေတယ်ဆိုလို့ ငါထပြေးလာတာ
.....
သူတို့ကငါ်အနောက်ကနေ လိုက်လာတာတွေ့တယ်
ဒီရွာအဝင်နားရောက်မှ မတွေ့တော့တာ
ဒီလူငယ်လေးတွေက တန်ခိုးရှင်တွေလား မသိဘူးနော်...
....
ဟေ့ကောင်.ရင်မောင်
မင်းလဲဒီတစ်ခါ သူတော်ကောင်းနဲ့တွေ့လို့လွတ်လာတာ
နောက်တစ်ခါ ထပ်သွားလို့်ကတော့ ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး
မင်းကိုကယ်ခဲ့တဲ့ သူတွေကိုလဲ နောက်ထပ်တွေ့ရမယ်မထင်နဲ့
သူတို့ကို ကျေးဇူးဆပ်ချင်ရင်တော့ ညတိုင်းမေတ္တာပို့ပေးလိုက်ပေါ့ကွာ
......
ကဲ.ရင်မောင်
မင်းလဲနားလိုက်တော့
ငါလဲ.ဆရာတော်ဘုရားကို.ဖြစ်ကြောင်းကုန်စင်
သွားလျောက်လိုက်ဦးမယ်ဟေ့ဆိုပြီး ရွာဦးကျောင်းဘက်ကို ထွက်သွားခဲ့လိုက်တယ်
.....
ဆရာတော်ကို အကြိုးအကြောင်းလျောက်ပြတော့
ဆရာတော်ကပြုံးတော်မူတယ်
ပြီးတော့...
အိမ်း ဒီလောကမှာ ဒီလိုအရွယ်ငယ်တဲ့ ပုဂ္ဂုလ်ထူးတွေလဲရှိနေပါသေးလားလို့ မိန့်တော်မူလေတယ်
......
ထိုလူငယ်လေးတွေကတော့ ဘယ်သူဆိုတာ စာဖတ်သူတွေ သိလောက်ပီထင်ပါတယ်

လေးစားစွာဖြင့်
ဇေယန(ရာမည)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)