အပိုင်း...၁
တစ်နေ့သ၌ ဘွားမယ်စိန်တို့၏ရွာ၌
သူဌေးတစ်ဦးကအလှူပေးလေသည်။
ထိုအလှူသည် ရပ်နီးရပ်ဝေးမှဆွေမျိုးများနှင့် ရွာနီးချုပ်စပ်မှ
အလှူလာပရိတ်သတ်များကြောင့်စည်ကားလွန်းလှ၏။
အလှူရှင်တို့သည်ဘွားမယ်စ်ိန်နှင့် သူကြီးတို့အဖွဲ့ကိုလည်း
နေရာကောင်းပေး၍ ဧည့်ခံကျွေးမွေးကြသည်။
မောင်တိုး၊မောင်အုန်းတို့ကာလသားများသည်လည်း
အလှူပွဲ၌ဝင်ရောက်ကူညီကြသည်မို့
ပင်ပန်းကြသော်လည်း ကုသိုလ်ရေးဖြစ်သည့်အတွက်
ပျော်ရွင်စွာလုပ်ကိုင်ကြ၏။
အလှူပဲဲပြီးဆုံးသည့်တစ်နေ့၌...
"ဘွားရေ...ဘွား...ဧည့်သည်လာတယ်ဗျို့"
မောင်တိုးသည် အသံပေး၍
ဘွားမယ်စိန်တို့အိမ်ဝိုင်းထဲသို့ဝင်လာခဲ့၏။
မောင်တိုး နှင့်အတူ အသက်နှစ်ဆယ်ကျော်သာသာအရွယ်ရှိ
လူငယ်လေးတစ်ယောက်သည် သူ၏ချည်လွယ်အိတ်လေးကိုလက်ဖြင့်ကိုင်ဆောင်ရင်းလိုက်ပါလာရှာသည်။
ဘွားမယ်စိန်သည်လည်း မောင်တိုးတို့ရောက်လာလေတော့...
"ကဲ...ထိုင်ကြ...မောင်တိုးလည်း
အလှူမှာပဲနောက်ဆုံးတွေ့လိုက်ရတယ်...။
မောင်ရင်ကဘယ်တွေပျောက်နေတာတုန်း"
ဘွားမယ်စိန်ကမေးလေတော့ မောင်တိုးကွပ်ပျစ်၌ဝင်ထိုင်းရင်း...
"ကျုပ်လည်းအိမ်အလုပ်လေးနည်းနည်းရှုပ်နေလို့ပါဘွားရယ်...
အမေ့ရဲ့မီးဖိုတဲလေး အမိုးတွေဆွေးလို့ ပြန်မိုးပေးနေတာ...
သြော်...ထိုင်လေကွာ ငါ့ညီရ"
ဟု..ဘွားမယ်စိန်ကိုလည်းပြော...အတူပါလာသော
လူရွယ်ကိုလည်းပြောလိုက်ရှာ၏။
"ဟုတ်ကဲ့......."
"အေး..အေး.......။ဒါနဲ့ ဒီသူငယ်က မောင်ရင့်
အမျိူးအဆွေလား"
ဘွားမယ်စိန်သည် လူငယ်လေးအားကြည့်၍မေးလေသည်။
လူရွယ်လေး၏မျက်နှာကိုအကဲခတ်ပြန်၏။
ရိုးအေးလှသော လူငယ်၏အသွင်ကိုဘွားမယ်စိန်ကြည့်နေစဥ်...
"မဟုတ်ပါဘူးဘွားရဲ့...ကျုပ်ရွာထဲတွေ့လို့ခေါ်လာတာပါ"
"ဟေ..."
"အာ...ဒီလိုပါဗျ...ကျုပ်က ဒီသောင်ထွန်းရွာက ဘွားမယ်စိန်ရဲ့အိမ်ကိုလမ်းညွှန်ခိုင်းနေတုန်း...ဒီကအစ်ကိုက ကျုပ်နဲ့တွေ့ပြီး
ဒီကိုခေါ်လာတာပါ"
မောင်တိုးစကားကိုဘွားမယ်စိန်နားမလည်နိုင်ဖြစ်နေစဥ်မှာပင်
လူငယ်လေးကချက်ချင်းဝင်ဖြေရှာသည်။
"သြော်...အဲ့လိုကိုး....ဒါဆို ဒီကမောင်ရင်လေးက
ဘွားကိုဘာလို့လာရှာရတာလဲကွဲ့"
"ကျုပ်နာမည်က အေးထွန်းလို့ခေါ်ပါတယ်...
ကျုပ်ကမိမရှိဖမရှိမို့ ဘုန်းကြီးကျောင်းမှာခိုကပ်နေရသူပါဗျ...
ကျုပ်နေတဲ့ရွာအမည်က ဒီရွာကနေဆိုရင်မြောက်ဘက်ဆူးဆူးမှာရှိပါတယ်...ရွာအမည်က ရွာသစ်ကုန်းလို့ခေါ်ပါတယ်......"
"ရွာသစ်ကုန်း...သြော်...အတော်ဝေးတာပဲ...ဒီကိုရောက်ဖို့
ဘာနဲ့လာသလဲမောင်ရင်"
"ခြေလျင်လာလိုက် လှည်းကြုံရှိရင်လိုက်လာလိုက်နဲ့
လာရတာပါ"
"ဒီလောက်ထိလာပုံထောက်ရင်
အရေးကြီးကိစ္စရှိနေမယ်ထင်တယ်..."
"ဟုတ်...အရေးကြီးကိစ္စရှိပါတယ်ဗျာ...ကျုပ်တို့ရွာကလူတွေကအရမ်းရိုးအေးကြပါတယ်...
အရမ်းလည်းသဒ္ဒါတရားပြည့်ဝကြတဲ့သူတွေပါ...
ကျုပ်အဲ့ရွာမှာနေခဲ့တဲ့တလျောက်
အေးအေးချမ်းချမ်းဖြစ်ပေမယ့်...
အခုတော့ ရွာသစ်ကုန်းဆိုတဲ့ရွာမှာ
မအေးချမ်းတော့ဘူး...ရွာသူ၊ရွာသားတွေလည်း
အတော်ဘေးဒုက္ခခံစားနေကြရရှာတယ်ဗျာ..."
"ဘေးဒုက္ခဟုတ်သလား...
ဘယ်လိုဘေးဒုက္ခမျိုးကိုပြောတာလဲမောင်ရင်"
အေးထွန်းဆိုသော လူရွယ်သည် မျက်နှာမကောင်းလှ။
သူ၏မျက်နှာထက်၌ ဝမ်းနည်းရိပ်များရှိနေခဲ့၏။
ထိုသို့ဖြင့်............
********************
ရွာသစ်ကုန်းရွာသည် အေးချမ်း၏။
ရွာသစ်ကုန်းရွာ၏သူကြီးအမည်မှာက ဦးမန်းသာ ဖြစ်သည်။
ဦးမန်းသားနှင့်ဒေါ်ပုကြွယ်တို့လင်မယား၌ နှင်းပွင့်ဆိုသော
သမီးချောလေးရှိသည်။
နှင်းပွင့်သည် အပျိုချောလေးပီပီ လူချစ်လူခင်များလှသည်။
ရွာကာလသားများကလည်း နှင်းပွင့်ကိုအသေအလဲချစ်မြတ်နိုးကြသော်လည်း ဖခင်ဖြစ်သူ သူကြီးဦးမန်းသာကြောင့်
အရဲမစွန့်ရဲကြ။
ထိုရွာသားများကိုလည်း နှင်းပွင့်သည် လှည့်ပင်မကြည့်တတ်။
အနေအေးဆေးလှသော နှင်းပွင့် သည် ရွာဦးကျောင်း၌
ခိုကပ်နေရသော ဘုန်းကြီးကျောင်းသားလေး
အေးထွန်းကိုတော့ စေတနာပိုတတ်၏။
အေးထွန်းမှာလည်း နှင်းပွင့် ကိုတိတ်တခိုးချစ်နေရသူပင်။
ထိုသို့အကြောင်းများဖြင့် အေးထွန်းနှင့် နှင်းပွင့်တို့သည်
ချစ်သူဘဝသို့ရောက်ရှိ၍လာခဲ့ကြတော့သည်။
"သမီးရေ...ဒီမှာဆရာကြီးလာတယ်...
လက်ဖက်ပွဲလေးပြင်ပါဦး...။
ဒါနဲ့ဆရာကြီး ထမင်းကောစားပြီးရဲ့လား...
စားမယ်ဆို
ကျုပ်တစ်ခါထဲပြင်ဆင်ပေးပါ့မယ်"
သူကြီးဦးမန်းသာ၏နေအိမ်သို့ ဦးမန်းသာ အားထားရသော
ရှမ်းဆရာကြီးတစ်ဦးရောက်လာခဲ့သည်။
ထိုဆရာကြီးသည် ဦးမန်းသာအတွက် ရောဂါကုသပေးသူဖြစ်၍ဦးမန်းသာမှာဆရာကြီးအား အလွန်ရိုသေပြီး
ကျေးဇူးရှင်ကြီးတစ်ဦးပမာ ဆက်ဆံတတ်ပေသည်။
ရှမ်းဆရာကြီးသည်လည်း ဦးမန်းသာ၏နေအိမ်ဆီသို့
မကြာခဏလာရောက်လေသည်။
တစ်နေ့ နှင်းပွင့်တစ်ဦးထဲသာ အိမ်၌ ရှိနေသောအချိန်တွင်
ရှမ်းဆရာကြီးရောက်ရှိလာခဲ့၏။
"ဟော...ဆရာကြီးလာတာပါလား...အဘနဲ့အမေက အနောက်ရွာအလှူဖိတ်ထားလို့သွားကြတယ်ရှင့်"
နှင်းပွင့်က ရှမ်းဆရာကြီးကိုပြောလိုက်၏။
"လာထိုင်ပါဦး နှင်းပွင့်...ဆရာညည်းကိုပြောစရာရှိလို့ပါ"
သူဝင်ထိုင်သော ထိုင်ခုံအနီးသို့ နှင်းပွင့်ကိုခေါ်ယူလေသည်။
နှင်းပွင့်သည်လည်း သဘောရိုးဖြင့်ဝင်ထိုင်ရှာ၏။
ထိုသို့ထိုင်လိုက်တော့...
"အို....ဘာလုပ်တာတုန်းဆရာ"
"နှင်းပွင့်ကိုဆရာမေတ္တာရှိနေလို့ပါ...
ဒါကြောင့်မို့ နှင်းပွင့်ရဲ့အိမ်ကို
ဆရာခဏခဏလာနေရတာပါကွယ်"
ရှမ်းဆရာကြီးသည် နှင်းပွင့်၏လက်ကိုဖမ်းဆုပ်ကိုင်ရင်းပြောလိုက်လေတော့ နှင်းပွင့်ချက်ချင်းရုန်းကန်ဖယ်ရှားလိုက်ပြီး
ဒေါသတို့ဖြင့်...
"ဘာစကားပြောတာလဲဆရာ...ဆရာကို အဘက ကျေးဇူးရှင်တယောက်လို နေရာပေးထားတာကို
ဆရာကအသုံးချစော်ကားလိုက်တာပေါ့လေ"
"မဟုတ်တာ နှင်းပွင့်လေးရယ်...ဆရာနှင်းပွင့်ကိုတကယ်လက်ထပ်ယူမှာပါ...
နှင်းပွင့်လေးကိုဆရာချစ်မြတ်နိုးလို့ပါကလေးရယ်"
"တော်စမ်းပါ...ရှင့်အသက်အရွယ်ကြီးမှအားမနာ...
ကျုပ်မှာ ချစ်ရသူရှိတယ်...ကျုပ်သူ့ကိုပဲယူမယ်"
"ဟင်...မရ...မရဘူးနော်...ဆရာစကားကိုသာ
နားထောင်ပါနှင်းပွင့်ရယ်...ဆရာကိုလက်ခံပေးပါနော်"
ရှမ်းဆရာကြီးသည် နှင်းပွင့်ကိုချော့မော့ကာပြောဆိုနေသည်။
နှင်းပွင့်ကတော့ ခါးခါးသီးသီးငြင်းဆန်ရှာ၏။
ထိုသို့ ပြောနေခဲ့ရင်း...
"အေး...ဒီမှာ နှင်းပွင့်...ညည်းငါ့ကိုမယူရင် ညည်းအဖေကော
ဟောသည် တစ်ရွာလုံးကိုပါ ငါကသတ်ပစ်မှာ...
ညည်းမှတ်ထားရမှာက ငါက အောက်လမ်းဆရာ
ညည်းအဖေကိုယ်ထဲမှာ ငါအပင်းတွေသွင်းထားသေးတယ်
ညည်းဘက်ကသာ ငါ့ကိုငြင်းရင် ငါနဲ့ထပ်အတွေ့ပဲ"
ဟု...ဒေါသတကြီးပြောဆိုကာ ပြန်သွားတော့၏။
နှင်းပွင့်ခမျာလည်း ရှမ်းဆရာကြီးပြောသွားသည်များကို
တွေးရင် ဖခင်အတွက်စိတ်ပူလာခဲ့ရှာသည်။
ထိုသို့ဖြင့်တစ်ဖက်ရွာမှ ပြန်လာသော မိဘများကို
အကြောင်းစုံပြောပြလိုက်သောအခါ...
"ဘာကွ...ငါကတော့ဆရာဆိုပြီး လေးစားရိုကျိုးလိုက်ရတာ
ဒင်းက အကြံကြီးနေတာကိုး...ခွေးမသား လာပါစေ
ဒင်းကိုအသေသတ်ရမှငါကျေနပ်နိုင်မယ်.........."
ဟု ကျိန်းလေရာ...
"တော်စိတ်ကိုလျော့ဦး...သမီးကိုပြောသွားသလိုဆို
သူက တော့်ထဲကို သူ့ပညာတွေထည့်ထားတာ
တစ်ခုခုဆိုတော့်ကိုအရင်ထိခိုက်လိမ့်မယ်...."
"တောက်.......ဟာကွာ........"
သူကြီး ဦးမန်းသာ ကြိတ်မနိုင်ခဲမရဖြစ်နေရှာသည်။
ရွာထဲရှိလူကြီးတချို့နဲ့တိုင်ပင်ပါသော်လည်း
အဖြေကမရှိခဲ့။
ထိုသို့ဖြင့် နှင်းပွင့်လေးသည်လည်းချစ်သူဖြစ်သော
ဘုန်းကြီးကျောင်းသားအေးထွန်းကိုပြောပြလေရာ
အေးထွန်းခမျာမှာလည်းချစ်ရသူအတွက်အပူကြီးပူနေရတော့၏။
သို့သော် ရက်များကြာလာခဲ့ပြီးရှမ်းဆရာကြီးရောက်မလာခဲ့၍
သူကြီးဦးမန်းသာတို့စိတ်အနည်းငယ်အေးသွားကြရ၏။
"ဒီဆရာ တို့တွေကိုဖြဲခြောက်သွားတာထင်ပါတယ်ကွာ...
မပူလေနဲ့သမီးရေ...ညည်းချစ်သူမောင်အေးထွန်းနဲ့အဘကိုယ်တိုင် လက်ထပ်ပေးမယ်"
သူကြီးဦးမန်းသာကဆိုလေတော့ နှင်းပွင့်တစ်ယောက်
ဝမ်းသာမဆုံးဖြစ်ရရှာသည်။
ထိုအကြာင်းကို အေးထွန်းကိုပြန်ပြောပြလေတော့ အေးထွန်းသည်လည်းချစ်သူနှင့်ထပ်တူပျော်ရွင်သွားတော့သည်။
ထိုသို့ဖြင့် တစ်ရက်မှာတော့...
"ရွာတောင်ပိုင်းက ကိုမြဖေ ဆုံးသွားပြီတဲ့"
"ဟဲ့...တနေ့ကတောင်တွေ့တာအကောင်းကြီးပါ...
ဘာဖြစ်တာတဲ့လဲ"
"ပြောတာတော့ မနေ့ကတည်းက အိပ်ရာထဲခွေနေတာတဲ့
ဒီနေ့မနက်ကျ ဆုံးသွားတယ်ပြောတယ်...သေတာလည်း
ဘာရောဂါရယ်လို့မယ်မယ်ရရမရှိဘူးတဲ့အေ့"
"ဟယ်...ဘယ်လိုကြီးလဲ"
ရွာထဲ၌ ရောဂါမယ်မယ်ရရမရှိလူတစ်ဦးသေဆုံးသွားလေသည်။
ထိုနည်းတူနောက်တစ်ရက်၌...
"ကိုကံပွင့်ကြီးဆုံးပြန်ပြီတဲ့ဟဲ့...ကိုမြဖေလိုပဲရောဂါမပေါ်ပြန်ဘူး"
"အမလေးး....ကျုပ်တို့ရွာ ဘယ်လိုဖြစ်နေတာလဲ"
"သတိနဲ့သာနေကြဟေ့...ရွာတော့တစ်ခုခုစဖြစ်နေပြီ"
"ဟုတ်ပါ့အေ...ကြောက်စရာပဲဟယ်"
ထပ်မံ၍နောက်တစ်ဦးသေဆုံးသွား၏။
နောက်ရက်များမကြာလည်း
ထိုနည်းအတိုင်းလူများသေဆုံးကြလေရာ
ရွာသူကြီး ဦးမန်းသာတစ်ယောက် ကြောက်ရွံ့လာတော့သည်။
ရှမ်းဆရာကြီးအကြောင်းကိုသူကြီးဦးမန်းသာနှင့်ရွာရှိလူကြီးအချို့သာ သိရှိထားကြသည်မို့ ကျန်လူများမှာအဖြေရှာမရဖြစ်
နေကြရှာသည်။
ယခုလိုလူသေနေလျှင် ရွာပျက်ဖို့ရန်သာကျန်တော့သည်မို့
သူကြီးဦးမန်းသာ ကြံရာမရဖြစ်နေရှာ၏။
အေးထွန်းသည်လည်း သူကြီးဦးမန်းသာ ပူပန်မှုကိုသိရှိ၍
သူကိုယ်တိုင်အရဲစွန့်ကာ ရွာအတွက် ဆရာကောင်းသမားကောင်းကို ရှာဖွေပေးပါ့မည်ဟု သူကြီးဦးမန်းသာနှင့်ချစ်ခင်ရသော နှင်းပွင့်လေးကိုပြောကြားပြီးရွာမှထွက်လာခဲ့လေသည်။
တစ်ရွာဝင်တစ်ရွာထွက်ရှာဖွေရင်း နောက်ဆုံးရရှိလိုက်သော
သတင်းစကားကြောင့် သောင်ထွန်းရွာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
အေးထွန်းပြောပြလေသော ရွာသစ်ကုန်းရွာ၏အကြောင်းများကို ဘွားမယ်စိန်တို့သိရှိသွားကြသည်။
"ဒါဆို အဲ့သည်ရှမ်းဆရာကြီးက နောင်ကြီးတို့ရွာကိုထပ်ရောက်လာတာပေါ့"
မောင်တိုးကမေးလေတော့ အေးထွန်းသည် ခေါင်းကိုရမ်းပြီး...
"ဒီဆရာကို ကျူပ်တို့ရွာမှာ မမြင်ရပါဘူး...
တွေ့လည်းမတွေ့မိကြဘူး"
"ဒါဖြင့်အခုရွာသစ်ကုန်းမှာဖြစ်နေတာက ဘာကြောင့်လဲ"
"ကျုပ်လည်းမသိလို့ပေါ့အစ်ကိုရာ...ဒီအတွက်အဖြေရှာချင်လို့
ကျုပ်ရွာကထွက်လာတာပေါ့"
ဟု...အေးထွန်းကပြန်ပြောလေတော့
မောင်တိုးကခေါင်းကိုတညိတ်ညိတ်လုပ်၏။
နားထောင်နေသောဘွားမယ်စိန်သည်လည်း...
"ဒါဖြင့် မောင်ရင်က ရွာသစ်ကုန်းအတွက်အဖြေရှာချင်လို့
ဘွားကို လာခေါ်တာပေါ့လေ"
"ဟုတ်ကဲ့...ကျုပ်ဘွားကိုလာခေါ်တာပါ။
ကျုပ်တို့ရွာကိုဘွားကယ်ဆယ်ပေးပါလို့လည်း
တောင်းဆိုချင်ပါတယ်"
ဟု ပြောလေရာ...
"အင်းပေါ့လေ...ဒီလိုတွေဖြစ်နေမှတော့ဘွားမလိုက်ဘဲမနေနိုင်ပါဘူး...လိုက်ခဲ့ပါ့မယ်"
"ဘွားဘက်ကလက်ခံပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..."
"ဟုတ်ပါပြီကွယ်...။သြော်...ဒါနဲ့မောင်တိုးကမလိုက်ဖြစ်ဘူး
မလား အိမ်ကမအားဘူးဆိုတော့"
"အာ...ကျုပ်အိမ်ကအလုပ်ကပြီးပါပြီဘွားရယ်...
ကျူပ်လိုက်မှာပေါ့...ဒါနဲ့ ဘယ်တော့သွားကြမှာလဲ...
ကိုကြီးမောင်အုန်းကိုပါခေါ်ရဦးမှာဆိုတော့လေ"
"မနက်ဖြန်မနက်မှသွားကြတာပေါ့......."
"ဟုတ်ပြီဘွား...ဒါဆိုကျုပ်တို့မနက်လာခေါ်မယ်ဗျာ...
ဒီကနောင်ကြီးက ကျုပ်အိမ်ကိုလိုက်ခဲ့...
ဟိုရောက်တော့ရေမိုးချိုး
ထမင်းစား ညအိပ်ပေါ့ဗျာ...နော့"
"ဟုတ်ကဲ့အစ်ကိုကျေးဇူးပါဗျာ"
"မလိုပါဘူးကွာ...ကဲ...ဒါဖြင့်သွားကြစို့....။
ဘွားရေ...ကျုပ်သူ့ကိုခေါ်သွားလိုက်မယ်နော့...."
"အေး...အေး....သွားကြ...သွားကြ"
မောင်တိုး သည် ဧည့်သည်ဖြစ်သောအေးထွန်းကိုသူ၏အိမ်သို့ခေါ်ဆောင်သွားတော့လေသည်။
ဘွားမယ်စိန်လည်း ရွာသစ်ကုန်းသို့လိုက်ပါရမည်မို့
ခရီးသွားရမည်ဖြစ်ကြောင်း သမီးဖြစ်သူဒေါ်ဝင်းနှင့်မြေးဖြစ်သူ
နန်းကြိုင်လေးအား ပြောပြထားရတော့သည်။
မောင်တိုးသည်လည်း အဖော်လိုက်ပါနေကြ မောင်အုန်းကို
ခရီးအကြောင်းသွားပြောပြထားလေသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်တို့၏ ရွာသစ်ကုန်းရွာခရီးစဥ်သည်
စတင်လာခဲ့တော့၏။
ရှမ်းဆရာကြီးသည် နှင်းပွင့်အား ချစ်မြတ်နိုးနေမိ၏။
မိမိအသက်အရွယ်အား ဂရုမပြုမိလောက်အောင်ပင်ဖြစ်နေရှာသည်။
ထိုကြောင့် နှင်းပွင့်၏ဖခင်ဖြစ်သည့် သူကြီးဦးမန်းသာအား
အပီပေါင်းထားယုံသာမက ဦးမန်းသာကိုလည်း
မိမိပညာများဖြင့် ချုပ်ထိန်းနိုင်အောင်ပြင်ဆင်ထားခဲ့ပြန်သည်။
ထိုသို့ဖြင့် အနုနည်းလေးသုံးပြီး နှင်းပွင့်ကိုပြောခဲ့ပါသော်လည်း
နှင်းပွင့်က လက်သင့်မခံခဲ့။
ထို့ကြောင့် အကြမ်းနည်းဖြင့် နှင်းပွင့်ကို
သတိပေးစကားဆိုပြီးနောက် ပြန်လာခဲ့ရလေသည်။
မိမိပြန်လာခဲ့ပြီးနောက် နှင်းပွင့်မှာ ဘုန်းကြီးကျောင်းသား
အေးထွန်းနှင့်ချစ်ကြိုက်နေကြကြောင်းများ ကြားသိလေရာ
ရည်းစားလူလုအူနုကျွဲခတ်ဆိုသည့် စကားပုံအတိုင်း
အသည်းဆတ်ဆတ်နာခဲ့ရ၏။
ထို့ကြောင့် လူသူမသိလေအောင် ရွာသစ်ကုန်းရွာ၏
လူသူမနေသော သင်္ချိုင်းကုန်းသို့ လာခဲ့တော့သည်။
သင်္ချိုင်း၌ကား သင်္ချိုင်းစောင့်မရှိ။
ဒါကြောင့် ရှမ်းဆရာကြီးသည်
သင်္ချိုင်းအနောက်ဘက်ဇရပ်ဟောင်းတွင် နေသည်ကို
မည်သူမှမသိပေ။
သင်္ချိုင်းကုန်း၌နေထိုင်းရင်း မိမိ၏အစီအရင်များကိို
စတင်ကာလုပ်ဆောင်တော့သည်။
နှင်းပွင့်၏ ချစ်မြတ်နိုးဖွယ် မျက်နှာလေးကိုမြင်ယောင်ရင်း
အသံလေးများကိုစွဲလမ်းရင်းဖြင့် မိမိအားလက်ခံလာစေရန်
မိမိတတ်မြောက်ထားသော အောက်လမ်းပညာများကို အသုံးချတော့လေသည်။
**************************
"အဘ...အမေ..................."
"ဟေ...သမီး အစောကြီးနိုးနေတာပါလား"
နှင်းပွင့်မျက်နှာမသာမယာဖြစ်နေ၏။
"ကျုပ်...ကျုပ်အိမ်မက် မက်တယ်အဘ"
"ဘာများတုန်းလဲ သမီးရဲ့"
သူကြီးဦးမန်းသာ သမီးဖြစ်သူကိုကြည့်ကာ မေးလေတော့...
"ကျုပ်အိမ်မက်ထဲမှာ ဟို...ဟို ရှမ်းဆရာကြီးလာတယ်......"
"ဟေ..."
"ဟုတ်တယ်အဘ...ကျုပ်ကို သူလာပြောတယ်...
အခုရွာမှာလူတွေသေတာ သူ့လက်ချက်တဲ့တော့်...
ဒါကိုမှ ကျုပ်ကသူ့ကိုလက်မခံနိုင်သေးရင်
နောက်သေရမယ့်လူက အဘတဲ့...
ကျုပ်တော့ ကျုပ်တော့ အဘကိုအဆုံးရှုံးမခံနိုင်ဘူးတော်...
အဟင့်...အဟင့်...အဟင့်........"
နှင်းပွင့်သည်မိမိအိမ်မက်အကြောင်းကို မိဘများအားပြောရင်း
ငိုရှိုက်လေရာ မိဘများမှာလည်း စိတ်မကောင်းကြရပေ။
"အင်း...ဘယ်တတ်နိုင်မလဲ ငါ့သမီးရယ်...
အဘ သေချင်လည်းသေပါစေ...
ဒင်းနဲ့တော့ သမီးကိုမပေးစားနိုင်ဘူး"
ဟု ပြောလေရာ သူကြီးကတော်သည်လည်း သမီးဖြစ်သူ
နှင်းပွင့်နည်းတူငိုကြွေးတော့သည်။
"တော့်...သမက်လောင်းကလည်း
အခုထိပြန်မလာသေးပါလားတော်...။
ကျုပ်တော့ သူလေးပြန်လာရင် ဒီဘိုးတော်စုတ်ကို
ဖယ်ရှားပေးမယ့်ဆရာပါလာမယ်လို့
ယုံကြည်ပါရဲ့ ယောကျာ်းရယ်...
အီး...ဟီးး...ဟီး........"
"ဟဲ့...ပုကြွယ်...သမီးက လူငယ်မို့ ထားစမ်းပါ
ညည်းကပါ ဘာကြောင့်ငိုနေရတာတုန်းဟ"
"အို... ကျုပ်လင်သေမယ့်အရေး
ကျုပ်ကပျော်နေရမှာလား...အီး...ရွှတ်..."
"အိုကွာ........ဟင်း..........."
မိန်းမဖြစ်သူ ၏စကားကြောင့် သူကြီးဦးမန်းသာ မည်သည်မှ
ဆက်မပြောနိုင်ရှာဘဲ
သက်ပြင်းတစ်ချက်သာခပ်လေးလေး ချလိုက်ရ၏။
***********************
"ဟဲ့...ကလေးတွေ ရွာထဲ အခြေအနေမကောင်းဘူးနော်...
အလေလိုက်မနေကြနဲ့"
"ဒီနားတင်ပါအမေရာ......."
ကျော်စိန်တစ်ယောက် ကစားဖော်နှစ်ယောက်ကိုခေါ်၍
ငှက်ပစ်ထွက်လာခဲ့၏။
လူသူမနေသော သစ်ပင်ကြီးများရှိရာ သင်္ချိုင်းဘက်ဆီသို့
လောက်လေးခွများ တကိုင်ကိုင်ဖြင့်ရောက်လာခဲ့ကြလေသည်။
ငှက်ကိုအသံတိတ်ရှာဖွေကြရင်း ဟိုမှာသည်မှာ ကြည့်ရှု့ကြ၏။
ထိုသို့ငှက်ရှာဖွေရင်း သင်္ချိုင်းအနောက်ဆီမှလူတစ်ယောက်
အလောတကြီးသွားနေသည်ကိုမြင်လိုက်ကြလေရာ...
"ဟ...ဟိုဟာက တို့သူကြီးဆီလာလာနေတဲ့ ဆေးဆရာကြီးမဟုတ်လား"
"အေး..ဟုတ်တယ်ဟ...ဒီလူကြီး ဒီသင်္ချိုင်းထဲဘာလာလုပ်တာလဲမသိဘူး...တို့သွားချောင်းကြမလား"
"ကောင်းသားဟ...ချောင်းကြတာပေါ့"
ထိုသို့ဖြင့် ကျော်စိန်တို့ကလေး သုံးယောက်သည်
ဇရပ်ဟောင်းအနီးသို့တိတ်တဆိတ်ကပ်လာပြီး
သစ်ပင်အကွယ်တစ်ခုမှ ချောင်းမြောင်းကြည့်ကြလေသည်။
"ဟာ...ဘာတွေလုပ်နေတာလဲ"
"ရှုး....တိုးတိုး......."
ကျော်စိန်တို့မြင်ရသည်က အရိုးအချို့ကို ကိုင်တွယ်ကာနှုတ်မှ
ဂါထာများမန်းနေသော ရှမ်းဆရာကြီးကိုပင်။
ကြည့်နေကြရင်း ကြောက်စိတ်များဝင်လာကြပြီး...
"တို့တွေသွားကြစို့...ဒီလူကြီးက ကြောက်စရာကြီး"
ဟု ဆိုပြီး ထိုအနီးမှ ထွက်လာကြတော့၏။
ငှက်လည်းဆက်မပစ်နိုင်ကြတော့ဘဲ
သူကြီးအိမ်ဆီသို့ ဦးတည်၍လာခဲ့လေသည်။
************************
"နှင်းပွင့်ရေ.........."
ခြံဝိုင်းအတွင်းသို့မောင်းဝင်လာသော လှည်းအထက်မှခေါ်သံကြောင့် နှင်းပွင့်နှင့် ဦးမန်းသာတို့ အိမ်အတွင်းမှထွက်လာခဲ့ကြသည်။
"ဟင်...ကိုထွန်းပြန်လာပြီ........."
နှင်းပွင့်တစ်ယောက်ဝမ်းသာသွားသကဲ့သို့
ဦးမန်းသာတို့လင်မယားသည်လည်း
သမီးနည်းတူပင်ဖြစ်ကြရလေသည်။
"ဟုတ်တယ်...နှင်းပွင့်...
ဒီကဘွားတို့ကိုအရင် အထဲခေါ်သွားလိုက်ကြဦး
ကိုထွန်းနောက်ကလိုက်ခဲ့ပါ့မယ်"
"ဟုတ်ကဲ့...ဘွားတို့ အိမ်ထဲ ကြွကြပါရှင့်"
"လာကြပါဗျာ...လာကြပါ..."
ဘွားမယ်စိန်တို့သည် ရွာသစ်ကုန်းရွာ၏ သူကြီးဦးမန်းသာတို့
အိမ်သို့ရောက်ရှိနေကြလေပြီ။
သူကြီးဦးမန်းသာတို့ကလည်း သေချာဧည့်ခံကြလေသည်။
သူကြီးဦးမန်းသာတို့နှင့်
ရွာ၏အကြောင်းများကိုမေးမြန်းပြောဆိုနေကြရင်း
ပို၍ရင်းနှီးလာခဲ့ကြသည်။
ခရီးကအတော်ဝေးသည်မို့ ထမင်းစားဖို့ရန်အရင်ပြင်ဆင်ပေးကြပြန်သည်။
မောင်တိုးနှင့်မောင်အုန်းတို့လည်း ထမင်းနှင့်ဟင်းများကို
ဆာဆာဖြင့်ဟန်ပင်မဆောင်နိုင်ကြတော့ဘဲ စားကြတော့သည်။
ထမင်းစားပြီး၍ အမောပြေထိုင်နေကြစဥ်...
"သူကြီး...သူကြီး...ဗျို့...သူကြီး...."
"ဟဲ့...သမီး...အိမ်ရှေ့ကဘယ်က ကလေးတွေလဲ"
ဟု...သူကြီးဦးမန်းသာသည် သမီးဖြစ်သူကိုမေးလေရာ
နှင်းပွင့်သည် အိမ်ရှေ့သို့ထွက်ကြည့်ရှာ၏။
"အယ်...ကျော်စိန်တို့ပါလား...လာကြ...လာကြ"
ဟုပြောရင်း ကျော်စိန်တို့ကို အိမ်ထဲသို့ခေါ်လာတော့သည်။
"ကလေးတွေ ဘယ်တွေလျောက်သွားနေကြတာလဲ...
အမယ်...လောက်လေးခွတွေနဲ့ပါလားကွ"
သူကြီးက ကျော်စိန်တို့ကိုမေးလေရာ ကျော်စိန်မှ...
"သင်္ချိုင်းကုန်းဘက် ငှက်ပစ်သွားတာသူကြီးရဲ့...
ငှက်ထက်ပိုပြီးစိတ်ဝင်စားစရာတွေ့လာလို့ ကျုပ်တို့က
သူကြီးကိုလာပြောတာဗျ"
"ဟမ်...စိတ်ဝင်စားစရာ...ဘာများလဲ....။မဟုတ်မှ သင်္ချိုင်းကုန်းထဲ သရဲနဲ့တွေ့လာကြသလားဟ"
"ဟာ...သူကြီးကလည်း ကျုပ်တို့တွေ့တာ သရဲတော့မဟုတ်ပါဘူးဗျာ...။ကျုပ်တို့တွေ့တာက သူကြီးအိမ်လာလာနေတဲ့
ဟိုမြှောက်ကြွမြှောက်ကြွ ဆေးဆရာကြီးလေ...
လူ့အီးပါကြီး...အဲ့ဘိုးတော်ကြီးကို သင်္ချိုင်းကုန်းထဲက ဇရပ်ဟောင်းမှာတွေ့ခဲ့တယ်ဗျ"
ကျော်စိန်တို့ကလေးများသည် ရှမ်းဆရာကြီးအား
မနှစ်မြို့ကျ...။
ရှမ်းဆရာကြီးသည် ရွာသို့လာလျှင် လမ်းတွေ့သည့်
ကလေးများကို အော်ဟစ်ဆူငေါက်တတ်သည်မို့
ကလေးတိုင်းလိုလိုက သူ့အား ရွံမုန်းနေကြလေသည်။
ကျော်စိန်ပြောလိုက်သော ကိစ္စကြောင့်သူကြီးတို့တတွေ
အံ့သြ သင့်ကုန်ကြသည်။
"ဟေ... ဟုတ်သလား..."
"ဟုတ်ပါတယ်ဗျာ... ကျုပ်တို့သုံးယောက်သေချာ
ချောင်းကြည့်လာတာ ဒီဘိုးတော်ကြီးက အရိုးတွေကို ကိုင်ပြီး
ဘာတွေရွတ်နေတယ်မသိဘူး...ကျုပ်တို့လည်းကြောက်တာနဲ့ ဆက်မကြည့်ရဲဘဲ ပြန်ထွက်လာကြတာ"
"အေး...အေး ကောင်းတယ်...ကောင်းတယ်...။
မင်းတို့ဝေးဝေးနေကြ သင်္ချိုင်းကိုလည်းပြန်မသွားကြနဲ့ဦး...
အိမ်တန်းပြန်ကြ...သြော်...နေဦး.........
သမီးရေ...နင့်မောင်တွေကို
မြေပဲပြုတ်တွေထည့်ပေးလိုက်စမ်းဦး"
သူကြီးဦးမန်းသာသည် ကျော်စိန်တို့ကလေးများအား
မြေပဲပြုတ်များပေးပြီး အိမ်သို့ ပြန်ခိုင်းတော့၏။
ကျော်စိန်တို့သည်လည်း
သူကြီးအိမ်မှပေးသော မြေပဲပြုတ်များကိုယူဆောင်ပြီး
အိမ်သို့ပြန်သွားကြလေသည်။
"ကဲ...ဘွားရေ...ဒီကလေးတွေပြောပုံအရဆိုရင်
ဒီလူ ကျုပ်တို့ရွာသင်္ချိုင်းထဲက
ဇရပ်ဟောင်းမှာရောက်နေပုံပဲ...။
ကျုပ်တို့ဘာဆက်လုပ်ရမလဲ ပြောပါဦးဗျာ........"
သူကြီးဦးမန်းသာသည် ဘွားမယ်စိန်ကိုမေးလေ၏။
ကျန်လူများကလည်း ဘွားမယ်စိန်ပြောမည့်စကားကိုသိချင်နေကြသည်။
ဘွားမယ်စိန်သည် ပြောင်းဖူးဆေးလိပ်ကြီးကိုဖွာရှိုက်၍...
"အင်း...ခုတော့ မောင်ရင့်ကိုယ်ထဲက သူချသွားတဲ့အပင်းတွေကို ဘွားအရင်ရှင်းပေးရလိမ့်မယ်...
ဒါမှ မောင်ရင့်ကို သူအန္တရာယ်မပေးနိုင်မှာလေ"
"သြော်...ဟုတ်ကဲ့...ဘွား"
"ကဲ...ကဲ...လာ မောင်ရင် ရှေ့တိုးထိုင် ကျန်လူတွေက
နောက်ကိုဆုတ်ပေးကြ"
သူကြီးဦးမန်းသာသည် ဘွားမယ်စိန်အနီး၌ ထိုင်၏။
ဘွားမယ်စိန် သူ၏ဆေးလိပ်ကြီးကိုချထားပြီး
သူကြီးဦးမန်းသာ ၏ခေါင်းအား.သူ၏ဘယ်ဘက်လက်ဖြင့်
ထိကိုင်ကာ မျက်လုံးကိုမှိတ်၍ ဂါထာအချို့ရွတ်ဆိုလေသည်။
ဂါထာကိုအဆက်မပြတ်ရွတ်ဆိုပြီးနောက်
မျက်လုံးများပြန်ပွင့်လာခဲ့၏။
သူကြီးဦးမန်းသာခေါင်းအထက်ရှိလက်ကိုဖယ်လိုက်ပြီး...
သူ၏ချည်လွယ်အိတ်ထဲမှ ပစ္စည်းများကိုထုတ်ယူလေသည်။
ထုတ်ယူနေရင်း...
"လင်ဗန်းတစ်ချပ်ချပေးထား....."
ဟု...ပြောလေရာ နှင်းပွင့်တစ်ယောက် မီးဖိုထဲရှိလင်ဗန်းတစ်ချပ်ကို အလျင်သွားယူပေးရှာ၏။
လင်ဗန်းရပြီးနောက် ဘွားမယ်စိန်သည် ရေနွေးကြမ်းသောက်သော ကြွေခွက်ထဲသို့ သူယူဆောင်လာသော ဆေးမှုန့်အချို့ကို
ထည့်သည်။
ပြီးနောက် ရေမန်းဘူးလေးအတွင်းမှ ရေမန်းအချို့ကို
ဆေးမှုန့်နှင့်ရောစပ်ကာ လက်ညိုးဖြင့်
မွှေနောက်တော့လေသည်။
ကြွေခွက်ထဲ၌ ဆေးမှုန့်နှင့်ရေမန်းများရောနှောသွားသောအခါ
သူကြီးဦးမန်းသာထံသို့ကမ်းပေးလိုက်ပြီး...
"ရော့...ဒါအကုန်လုံးမော့သောက်ပေတော့...
အန်ချင်ရင် ဟောသည် လင်ဗန်းထဲသာ အကုန်အန်ချ........"
ဟုပြောလိုက်လေတော့ သူကြီးဦးမန်းသာသည် ခေါင်းကိုညိတ်ပြီး ချက်ချင်းပင် ယူကာမော့သောက်လိုက်တော့၏။
ဆေးသောက်ပြီးတအောင့်အကြာ၌...
"ဝေါ့........အွတ်.......ဝေါ့.....ဝေါ့..........."
"ဟင်...."
"ဟာ..........."
"အမလေး....."
သူကြီးဦးမန်းသာ တစ်ယောက် အသည်းအသန်ပျို့အန်လာပြီး
လင်ဗန်းထဲသို့ အန်ချတော့၏။
ဘေးရှိလူများမှာ သူကြီးဦးမန်းသာအန်ချသော လင်ဗန်းထဲရှိအရာများကိုကြည့်၍ ထိတ်လန့်ကုန်ကြရ၏။
လင်ဗန်းထဲ၌...ကြွက်သေပုပ်တစ်ကောင်...ထဘီအစများ...
ဆံပင်ချည်များ....အစရှိသဖြင့် ယုတ်ညံ့လွန်းသောအရာများ
ဖြစ်နေခဲ့ပေသည်။
အန်ချလို့ဝသောအခါ သူကြီးဦးမန်းသာမှာ
မောပန်း၍ နေရှာသည်။
"ကဲ..ရေမန်းလေးသောက်လိုက်ဦး..."
ဘွားမယ်စိန်တိုက်သောရေမန်းကို သူကြီးဦးမန်းသာသောက်လိုက်ပြန်သည်။
ထိုအခါမှ မောပန်းမှုပြေပျောက်သွားဟန်တူ၏။
"ဘွား...ဒါတွေကိုဘာလုပ်ရမှာလဲ"
"ဒါတွေကို မြေနက်နက်တူးပြီးသာ မြုပ်လိုက်ပေတော့...
အခုဆိုမောင်ရင့်ကိုယ်ထဲမှာ သူထည့်ထားတဲ့အပင်းတွေလည်း
မရှိတော့ဘူး...ဒီဆရာက သူကိုမောင်ရင်တို့သတ်ရင်
မောင်ရင်လည်းသေအောင် တစ်ခါထဲစီရင်ထားတာ...
အခုတော့ အားလုံးကုန်ပြီမို့ မောင်ရင်အသက်ဘေးက
လွတ်ပါပြီလေ"
"ဒါဖြင့် ဒီဆရာကို ကျုပ်တို့ဘာဆက်လုပ်ရမှာလဲဘွား"
"ဒီည...သင်္ချိုင်းမှာ သူအလုပ်ရှုပ်မယ်ထင်ပါတယ်...
ဘွားကတော့မလိုက်တော့ပါဘူးလေ...
မောင်တိုးတို့သုံးယောက်အသာသွားပြီးချောင်းကြပေါ့...
တစ်ခုခုထူးတယ်ဆိုရင်သာ ဘွားကိုလာပြောကြ"
"ဟုတ်ကဲ့ဘွား...ဒါဖြင့် ဒီဟာတွေကို
ကျုပ်တို့အရင်မြုပ်လိုက်ဦးမယ်"
ထိုသို့ဖြင့် သူကြီးဦးမန်းသာ အန်ထားသော
ရှမ်းဆရာကြီး၏အပင်းများကို မြေကျင်းနက်နက်တူးကာ
မြုပ်လိုက်ကြတော့၏။
ညအချိန်သို့ရောက်တော့ မောင်တိုး...၊မောင်အုန်း...၊
မောင်အေးထွန်းတို့သည် ရွာပြင် သင်္ချိုင်းသို့ ဓားများ တုတ်များကိုင်ဆောင်ကာ တိတ်တဆိတ်ရောက်လာခဲ့ကြသည်။
လကွယ်ညဖြစ်တာမို့ ပတ်ဝန်းကျင်သည် မှောင်မည်းလို့နေ၏။
သုံးဦးသားလည်း ဇရပ်နှင့်မလှမ်းမကမ်းရှိ ညောင်ပင်ကြီးအကွယ်မှ ချောင်းမြောင်းကာကြည့်နေကြ၏။
ဇရပ်အတွင်း၌ မီးအနည်းငယ်လင်းနေသည်။
တင်ပုလ္လင်ကြီးခွေကာ ဂါထာများမန်းနေသော ရှမ်းဆရာကြီးကိုလည်းသူတို့ တွေ့ကြရသည်။
အချိန်ကြာလာသောအခါ ပတ်ဝန်းကျင်မှာလည်း
လေများကတရှဲရှဲတိုက်ခတ်စပြုလာသည်။
ရှမ်းဆရာကြီးသည်လည်း ဇရပ်ထဲမှထွက်လာပြီး
မောင်တိုးတို့နှင့် ကျောပေးလျှက်အနေအထားနှင့်
အုတ်ဂူများ...မြေပုံများအနီးသို့သွားလေသည်။
သူ၏လက်အတွင်း၌
ပျဥ်တလားခေါင်းပြတ်ကြီးတစ်ခုကို ကိုင်ဆာင်ထားခဲ့သည်။
ထိုမျှမက ကျန်လက်တစ်ဖက်၌ လူဒူးခေါင်းရိုးကြီးတစ်ချောင်းကိုပါ ကိိုင်ဆောင်ထားသည်ကို တွေ့ကြရ၏။
မကြာပါ...
"ဗုတ်...ဗုတ်...ဗတ်...ဗတ်........."
အသံများထွက်လာပြီး....
သင်္ချိုင်းတစ်ခုလုံးသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တော့၏။
အခိုးငွေအဖြူများသည် ဟိုမှာသည်မှာထွက်ပေါ်လာပြီး
အသံထွက်ရာဆီသို့ဦးတည်လိုက်ပါနေကြသည်။
အသံထွက်လာသည်က ရှမ်းဆရာကြီး၏ ပျဥ်တလားခေါင်းပြတ်ကြီးနှင့် လူဒူးခေါင်းရိုးကြီးကို တီးခတ်သည်မှ ထွက်ပေါ်၍
လာခြင်းဖြစ်၏။
မောင်တိုးတို့လူစုလည်း ရှမ်းဆရာကြီးကို ကြည့်ရင်းစိတ်များပူပန်လာကြလေသည်။
"လာခဲ့....လာခဲ့... ဒီကို....နင်သေနေ့စေ့ပြီ...လာခဲ့တော့..........."
ရွာဘက်သို့ မျက်နှာမူကာ လက်မှအတီးမပြတ်ဘဲ ပြောဆိုနေလေသည်။
သူ၏ရုပ်အသွင်သည်လည်း ရွံရှာဖွယ်အတိဖြစ်နေပေသည်။
သူ၏နောက်၌မှာလည်း မီးခိုးငွေ့လေလား
နာနာဘဝတို့လေလား
မသိသောအခိုးအငွေ့များက လိုက်ပါ၍နေ၏။
"ဒီလူကြည့်ရတာ ကျုပ်တို့ရွာက
လူတွေကိုသေဖို့ခေါ်နေသလိုပဲ"
"အေး...ဟုတ်မှာ...တော်တော်ယုတ်ညံ့တဲ့လူ...
ဓားနဲ့သာအပြေးပိုင်းချင်တယ်ကွာ.........."
မောင်ထွန်းအေးစကားကိုမောင်တိုးက ထောက်ခံလိုက်သည်။
သူတို့လက်အတွင်းပါလာသော တုတ်များ၊ဓားများကိုကျစ်ကျစ်ပါအောက်စုပ်ကိုင်ထားကြ၏။
"လာခဲ့...နင်တို့တရွာလုံးသေမှ ငါ့နှင်းပွင့်လေးလည်းငါ့လက်ထဲရောက်လာမှာ...လာခဲ့....လာခဲ့....နင်တို့အသွေးအသားတွေစားမယ့် နာနာဘဝတွေလည်းဒီမှာရှိတယ်....လာခဲ့.....လာခဲ့"
ဟု....အော်ဟစ်သံကိုကြားကြရပြန်သည်။
ထိုအခါ မောင်ထွန်းအေးသည်
ဒေါသများပိုမိုပြင်းထန်၍လာခါ...
လျှက်ခနဲ ပြေးထွက်သွားပြီး သူတို့အားကျောပေးကာ နေသော
ရှမ်းဆရာကြီးဆီသို့
"ခွေးမသား....နှင်းပွင့်တော့မရဘူး...ငါ့ဓားစာပဲရလိမ့်မယ်...
သေချင်းဆိုးကြီး.........."
ဟုအော်ဟစ်ရင်းဦးခေါင်းနေရာအား
ဓားဖြင့်အပီပိုင်းချလိုက်တော့လေသည်။
တားဆီးမည်လုပ်ကြနေသော မောင်တိုးတို့နှစ်ဦးသည်လည်း
မောင်ထွန်းအေး၏ လုပ်ရပ်ကြောင့်အံ့သြသင့်ကုန်ကြရသည်။
ရှမ်းဆရာကြီးမှာတော့ ကိုယ်တခြား ခေါင်းတခြားဖြင့်
မလှုပ်ရှားနိုင်တော့ပေ။
ထိုအခါမှ သင်္ချိုင်းသည်လည်းပဂတိငြိမ်သက်၍သွားတော့၏။
"မောင်ထွန်းအေးကလည်းစိတ်မြန်ချက်ကွာ....."
"အို...မမြန်လို့ရမလားဗျ....ဒီဘိုးတော် တနှာရူးတာကျုပ်တို့ရွာ
လူကုန်တော့မယ်လေ...ဒီတော့...ဒင်းအလှစ်ဝင်ပိုင်းရတာပေါ့"
"အေးပါကွာ...လာ...လာ...
တို့တွေရွာထဲသတင်းသွားပို့ကြဦးစို့...ပြီးမှပြန်လာကြတာပေါ့"
မောင်အုန်းက မောင်ထွန်းအေးနှင့်မောင်တိုးကိုခေါ်ကာ
ရွာထဲပြန်ဝင်လာတော့သည်။
သူကြီးဦးမန်းသာတို့အိမ်ရောက်တော့ အဖြစ်အပျက်များကိုရှင်းပြလေသောအခါ ဘွားမယ်စိန်ကခေါင်းတညိတ်ညိတ်နားထောင်နေသကဲ့သို့
သူကြီးဦးမန်းသာ တို့မှာလည်း သမက်ဖြစ်သူအတွက် ဂုဏ်ယူနေကြလေသည်။
"ဒါဖြင့် အလောင်းက်ို မီးရှို့သဂြိုလ်လိုက်ကြ...
နောက်ပြီးသူသုံးတဲ့ပစ္စည်းတွေကိုပါသူနဲ့
အတူမီးရှို့ပေးလိုက်...သွားကြ...သွားကြ မနက်ကျရင်တော့
ရွာသန့်အောင်ဘုန်းကြီးပင့်ပရိတ်ရွတ်ကြတာပေါ့"
"ဟုတ်ကဲ့ဘွား....ကျုပ်တို့ရွာသားတွေစုပြီးသွားလိုက်ပါ့မယ်"
ညတွင်းချင်းပင် ရှမ်းဆရာကြီး၏အလောင်းအား
မီးရှို့ပစ်ကြ၏။
သူ၏ပစ္စည်းများကိုလည်း ဘွားမယ်စိန်ပြောသည့်အတိုင်း
မီးထဲထည့်ပေးကြလေသည်။
လာကြည့်ကြသောရွာသူ တို့သည်
မီးပုံထဲ၌ လောင်ကျွမ်းနေသော ရှမ်းဆရာကြီး၏အလောင်းကို
ကြည့်၍ နည်းမျိုးစုံဖြင့်ကျိန်ဆဲ ကြလေသည်။
မနက်မိုးလင်းလေတော့ လှူဖွယ်များပြင်ဆင်ပြီးရွာအတွင်းပရိတ်နာကာ ပရိတ်သဲများ...ရေမန်းများဖြန်းပတ်ကြ၏။
ထိုသို့ဖြင့် ရှမ်းဆရာကြီးမရှိတော့၍ မောင်ထွန်းအေးနှင့် နှင်းပွင့်တို့အား မင်္ဂလာဆောင်ပေးရန်သူကြီးဦးမန်းသာက ပြင်ဆင်ပေးလေသည်။
ဘွားမယ်စိန်တို့သုံးဦးကိုလည်းရွာသို့မပြန်ကြသေးရန်
တားမြစ်ကြပြီးမောင်ထွန်းအေးတို့၏မင်္ဂလာဆောင်ပြီးသည်ထိနေခိုင်းကြပြန်သည်။
ထိုသို့ဖြင့် အောက်လမ်းငြိုးတဲ့ရွာစာမူလေးပြီးဆုံးသွားပါသည်။

No comments
Post a Comment