ဘွားမယ်စိန်နှင့်ထူးဆန်းသောအမယ်အို
ရွာအလယ်ရှိအပင်များအောက်တွင်
ကလေးငယ်များဟိုသည်ပြေးလွှား၍ငှက်ပစ်တန်းဆော့ကစားနေကြသည်။
လောက်လေးဂွများကိုယ်စီကိုင်ဆောင်ထားသော
ကလေးများမှာ တွေ့ရာမြင်ရာရာငှက်များကို
အသေပစ်ခတ်နေကြ၏။
ထိုသို့ပစ်ခတ်ဖမ်းစီးနေစဥ် လူကြီးတချို့မှာလည်း
သူတို့၏အနီးသို့လာရောက်၍
ကြည့်ရှု့နေခဲ့ကြသည်။
"ဟေး...ရပြီကွ"
"ငါ့ငှက်ကမင်းငှက်ထက်ပိုကြီးတယ်ကွ"
"ငါငှက်ကမှပိုကြီးတာ...နော့ ဖိုးထူး"
တစ်ယောက်နှင့်တစ်ယောက်လည်း
မြေပေါ်ချထားသောငှက်အသေများကို
အကြီးအသေးပြိုင်ဆိုင်ကာ
ပြောနေကြလေသည်။
"ဟဲ့...မသာလေးတွေ...သူများအသတ်ကိုသတ်ပြီးပျော်နေကြတယ်ပေါ့ ဟုတ်လား....ဟင်း....ဟင်း....
နင်တို့တော့လား"
"ဟာ...အရူးမကြီးလာပြီပြေးကြဟ"
"ပြေးကြဟေ့...အရူးမကြီးလာပြီ"
အသက်ငါးဆယ်ကျော်မိန်းမကြီးတစ်ဦးသည်
ဆံပင်များရှုပ်ပွေနေပြီး
သူဝတ်ဆင်ထားသောထဘီမှာအပြဲအပေါက်များက
အထင်းသားဖြစ်နေရုံမက...
သူ၏မျက်နှာအသွင်မှာလည်း ညစ်ထေး...
အိုမင်းနေလေသည်။
ထိုမိန်းမကြီးသည်
ကလေးများကို အသံကျယ်ကြီးဖြင့်အော်ဟစ်ကာပြောလေတော့ ကလေးတသိုက်မှာလည်း ငှက်သေများကိုကောက်၍
နေရာမှထွက်ပြေးကုန်ကြတော့သည်။
ထွက်မပြေးပါက ထိုမိန်းမကြီးလက်တွင်ကိုင်ဆောင်ထားသော
တုတ်နှသ့်အရိုက်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ထိုမိန်းမကြီးသည်က သူတို့နှင့်မစိမ်းလှပေ။
အဘယ့်ကြောင့်ဆိုဖြင့် ထိုမိန်းမကြီးသည်
သူတို့၏ရွာ၌နေထိုင်နေသောကြောင့်ပင်။
အရူးမကြီးဟုသာ အများကခေါ်ကြပြီးသူ၏အမည်ကိုကားမည်သူမျှမသိကြ။
မသိရခြင်းမှာက ထိုမိန်းမကြီးသည် ဤရွာသို့ရောက်လာသည်မှာ တစ်နှစ်ကျော်သာသာရှိသေး၏။
မည်သည့်အရပ်မှရောက်လာပြီး မည်သူဖြစ်ကြောင်းကိုတော့
ရွာရှိလူများမသိရှိကြ။
ရောက်လာစဥ်ကတည်းက ရွာထိပ်ညောင်ပင်၌ အိပ်၏။
ရွာထိပ်ညောင်ပင်ရှိ ရုက္ခစိုးထံလာရောက်ပူဇော်သော
ထမင်းကျန်ဟင်းကျန်များကိုစား၏။
အားလုံးမျက်မှန်းတန်းမိလာချိန်မှ အရူးမကြီးဟုခေါ်၍
တချို့က ထမင်း၊ဟင်းများ ခေါ်ယူကျွေးတတ်ပြီး
တချို့ကတော့ရှောင်ဖယ်ကာသွားကြလေသည်။
အရူးမကြီးသည် အရူးတို့သဘာဝ
သီချင်းလေးတအေးအေးလည်းမဆိုတတ်...
ကလည်း မကတတ်...
သူသည်နေ့ရှိသ၍ ညောင်ပင်အောက်တွင်အသာထိုင်နေပြီး
သွားလာနေသော လူများကိုသာ ငေးမောတတ်၏။
ယခုလိုကလေးများ ငှက်ပစ်နေသော်လည်းကောင်း၊
ရွာချောင်းထဲ၌ ရေကူးခတ်နေပါလည်းကောင်း
ထိုအခါမှသာ တုတ်တချောင်းကိုင်၍
အော်ဟစ်ကာ ရိုက်တတ်၏။
အရူးမကြီး၏အကြောင်းကို ပိုမိုသိလာသော
ရွာသူ၊ရွာသားတို့မှာ...
"အေး...ကောင်းတယ်ဟဲ့...
အရူးမကြီးရှိတာအရမ်းကောင်းတယ်...
မဟုတ်ရင်ဒင်းတို့ဆော့တာလူကြီးတွေမမြင်တော့
လုပ်ချင်ရာလုပ်နေကြမှာ..."
ဟုပင်ပြောကြလေသည်။
ကလေးများကိုစောင့်ရှောက်သော အရူးမကြီးကိုလည်း
အားလုံးကချစ်ခင်ကြသည်။
"အဘွားနာမည်ဘယ်သူတုန်းဗျ"
ဟု...
ညောင်ပင်အောက်တွင်ထိုင်နေသောအရူးမကြီးကို
ဖိုးထူးတို့ကလေးအဖွဲ့ကမေးလေတော့...
"ငါ့နာမည်...ဟုတ်လား..."
"ဟုတ်တယ်လေဗျာ...အဘွားမှာနာမည်ရှိတယ်မလား..."
"အေး...နာမည်နော်....နာမည်...ရှိတာပေါ့ဟဲ့
ဟီး...ဟီး...ဟီး............."
အရူးမကြီးက တဟီးဟီးရယ်မောလေတော့ ကလေးများမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
သို့သော်ဖိုးထူးက...
"ပြောပါအဘွားရယ်...ကျုပ်တို့ကအဘွားကိုအရူးမကြီးလို့
မခေါ်ချင်ဘူးဗျ...အဘွားကလိမ္မာပါတယ်ဗျာ...
ပြောပါနော်"
"အရူးမကြီး...ငါ့နာမည်ကအရူးမကြီးမဟုတ်ပါဘူးဟဲ့...
ငါ့နာမည်က စာဥ...ဘွားစာဥဟဲ့"
"ဘွားစာဥ...ဟုတ်လား...ဒါဆိုဘွားနာမည်က
ဘွားစာဥပေါ့လေ"
"အေး..ငါ့နာမည်ကဘွားစာဥဟဲ့"
"ဟေးးးးးးးဘှားစာဥတဲ့....ဘှားစာဥ"
"ဟေး..."
"ဘွားစာဥ"
"ရှင့်........."
"ဘွားစာဥ..."
"တော့်......"
ကလေးအုပ်စုမှာတညီတညွှတ်ထဲဘွားစာဥဟုခေါ်နေကြပြီး
ဘွားစုဥမှာလည်း ထူးနည်းမျိုးစုံဖြင့်ထူးနေတော့လေသည်။
ထိုအချိန်မှစ၍ ဘွားစာဥဟု...အများကခေါ်ကြတော့သည်။
*******************************
ဘွားမယ်စိန်သည်သောင်ထွန်းရွာမှ ခရီးထွက်ဖို့ရန်
အကြောင်းဖန်လာခဲ့ပြန်သည်။
ထိုသည်က ဒေါ်ဝင်းမှာ သမီးဖြစ်သူနန်းကြိုင်လေးအတွက်
အဝတ်အစားဝယ်ပေးချင်လှသည်ဆိုသောကြောင့်ပင်။
"ညည်းနှယ်အေ...ရွာမှာရောင်းနေကြ မိသန်းတို့ဆီကဝယ်လည်းရနေတာပဲကို"
"အို...အမေကလည်း သူတို့ဆီကအဆင်တွေကို
ကျုပ်မကြိုက်ပါဘူးတော်...ကျုပ်သမီးလေးအတွက်
မြို့ကနေသေချာရွေးချင်တာတော့်....
အခုဆိုရွာမှာအလှူပွဲရာသီတွေကနီးလာပြီမဟုတ်လား...။
ဒါကြောင့်မို့အမေရယ်...မြို့တက်ချေရအောင်တော်"
ဟု...အပူကပ်သောကြောင့်ပင်။
ဒေါ်ဝင်းမှာလည်းသမီးဖြစ်သူကိုအများထက်လှစေချင်၏။
ထို့အချက်ကိုသိသောဘွားမယ်စိန်လည်း
မငြင်းသာတော့ဘဲ မောင်တိုးနဲ့မောင်အုန်းတို့ကို
အဖော်ခေါ်၍ မြို့တက်စျေးဝယ်ကြတော့သည်။
"ဟဲ့...မောင်တိုးနဲ့မောင်အုန်း...နင်တို့မိဘများက
တယ်လည်းခွင့်ပြုပါလား...အခုလိုငါတို့သွားတိုင်းခေါ်နေတော့
သူတို့မငြိုငြင်ကြဘူးလား"
ဟု...ဒေါ်ဝင်းမှ...မြို့သို့အသွားနွားလှည်းစီးရင်း
မေးလေတော့မောင်အုန်းမှ...
"မေးတတ်ပါပေ့အရီးရယ်...ကျုပ်မိဘများက ဘွားခရီးမထွက်ဘူးဆိုရင်တောင်...("ဟဲ့...နင်တို့ဘွားကခရီးမသွားတာလား
ဒါမှမဟုတ်နင်တို့ကိုမခေါ်တော့တာလား")လို့
တောင်မေးကြသဗျာ..."
မောင်အုန်းပြောသည်ကိုမောင်တိုးမှလည်းထောက်ခံ၍...
"ဟုတ်ပါ့ဗျာ...ကျုပ်အမေဆိုလည်း ဒီတိုင်းပဲဗျ...
ဘွားနဲ့ခရီးများလိုက်ရပြီဆိုလေ
ကျုပ်အမေမျက်နှာမှာပေါ်နေတဲ့အပြုံးကြီးကို
အရီးကိုမြင်စေချင်တယ်ဗျာ...
အဲ...နောက်ပြီးလည်း ပြောသေးတယ်ဗျ...
("နင့်အဘွားနဲ့နင်တို့ခရီးလိုက်ရင်ငါ့မှာဟိုလူကဟင်းစားလာပေး
ဒီလူကဟင်းရွက်လာပေးနဲ့အတော်ဟန်ကြတာပဲ")
လို့တောင်ပြောတယ်ဗျ"
"ဟယ်...အထူးအဆန်းပါလားဟဲ့"
မောင်တိုးနဲ့မောင်အုန်းတို့စကားကြောင့်ဒေါ်ဝင်းမှာ
အံ့သြနေသည်။
ဘွားမယ်စိန်ကတော့မည်သည့်စကားမျှဝင်မပြောခဲ့။
ဒေါ်ဝင်းနံဘေး၌ ထိုင်နေသော နန်းကြိုင်လေးမှ...
"ဒါကဒီလိုလေအမေရဲ့...ကိုကြီးအုန်းတို့...ကိုကြီးတိုးတို့က
ဘွားနဲ့လိုက်ပြီးအများကောင်းကျိုးပြုကြတာမလား
အဲ့တော့သူတို့အတွက်လည်း လာဘ်တွေဝင်
ကံတွေမြင့်ကြတာပေါ့...ဟုတ်တယ်နော့ဘွား"
နန်းကြိုင်လေးမှာသူ၏စကားအဆုံးသတ်ပြီးနောက်
ဘွားမယ်စိန်ကိုထောက်ခံခိုင်းလေသည်။
မြေးမလေး၏သွက်လက်ထက်မြတ်မှုကြောင့်ဘွားမယ်စိန်ပြုံးလိုက်ပြီး...
"ဟုတ်တာပေါ့အေ...မိဝင်း...
ညည်းငါ့မြေးလောက်တောင်မသိဘူး"
ဟု...ပြောလိုက်တော့၏။
မြို့စျေးသို့ရောက်တော့ ဝယ်ယူလိုသောပစ္စည်းများကို
ကြည့်ကြ၏။
ဒေါ်ဝင်းမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်အကြိုက်မတွေ့လေတော့...
"ဟဲ့...မိဝင်း...ညည်းအတော်ဂျေးများပါလားအေ့...
ညည်းအကြိုက်မတွေ့တာနဲ့ ငါတို့ခြေတွေတိုနေလှပြီ...
ကဲ...မောင်တိုးနဲ့မောင်အုန်း မောင်ရင်တို့လိုချင်တဲ့ပုဆိုးကိုအရင်သာဝယ်ကြတော့"
"ဘွား...ကျုပ်တို့ကဘာမှမဝယ်ဘူးလေ..."
"ဟုတ်တယ်လေဘွား...ကျုပ်တို့ကမဝယ်ပါဘူး။
အရီးဝယ်တဲ့နောက်ကိုလိုက်လာတာပဲရှိတာ"
ဟု...မောင်တိုးနဲ့မောင်အုန်းကပြောလေတော့...
"ဘွားက ငါ့သားတွေကိုဝယ်ပေးမှာပါကွယ်...
ကြိုက်တာကြည့်ပြီးရွေးယူကြ..."
"ဗျာ..တကယ်လားဘွား"
"တယ်...ဒီအသက်အရွယ်နဲ့မောင်ရင်တို့ကို
နောက်ပြောင်နေစရာလား"
"ဟီး...ကျေးဇူးပါဘွား"
မောင်တိုးနဲ့မောင်အုန်းကိုလည်း
စိတ်ကြိုက်ပုဆိုးတစ်ထည်ဆီ
ဝယ်ယူစေသည်။
ဒေါ်ဝင်းမှာလည်း နောက်ဆုံးဆိုင်ရောက်မှ
အကြိုက်တွေ့သွား၍ဝယ်ယူခဲ့တော့၏။
စျေးဝယ်ပြီးအပြန်၌ ယခင်လာရောက်လျှင်တည်းခိုနေကြ
ဘုန်းကြီးကျောင်းသို့သွားကြတော့၏။
ကျောင်းထိုင်ဆရာတော်နှင့်ဘွားမယ်စိန်မှာလည်း
အတော်လေးရင်းနှီးကြသည်။
"ဒကာမကြီးတို့...မလာတာတောင်အတော်ကြာပေါ့"
"တင်ပါ့ဘုရား...အရေးရှိမှမြို့ကိုရောက်တာဆိုတော့
မလာဖြစ်တာပါဘုရား"
"အမ်း.....အခုကော ညအိပ်မှာပဲမလား"
"ညတော့မအိပ်တော့ပါဘူးဘုရား...
မြို့ရောက်တုန်း ဆရာတော်ဘုရားကို
မုန့်လေးကပ်ချင်သေးတာနဲ့ ရောက်လာတာပါဘုရား"
"ဟော...နားနားနေနေ နေလို့ရပါတယ်တကာမကြီးရယ်...
ဘုန်းဘုန်းကျောင်းကလွတ်လပ်ပါတယ်"
"တင်ပါ့ဘုရား...နောက်တခေါက်မှပဲနေပါတော့မယ်ဘုရား"
"အင်းလေ...တကာမကြီးသဘောပါပဲ"
ထို့နောက်
ကျောင်းထိုင်ဆရာတော်ကိုမုန့်ကပ်လှူပြီး
ပြန်ဖို့ရန်ပြင်ဆင်ကြသည်။
သို့သော် ဆရာတော်က ထမင်းစားဖို့ကျောင်းသားကြီးများကို
ပြင်ဆင်ခိုင်းသည်မို့...ထမင်းစားပြီးမှသာ ကျောင်းမှ
ထွက်လာခဲ့ကြရ၏။
တနေကုန်လုံး မြို့စျေးနှင့်
ဆရာတော့်ကျောင်းသို့လည်းဝင်ခဲ့ကြသေးသည်မို့
အပြန်ခရီးတွင်နေပင်စောင်းနေပြီဖြစ်သည်။
ညနေ နေစောင်းချိန်မို့ နေပူဒဏ်တော့သက်သာရ၏။
မောင်တိုးမှာ လှည်းဦးမှမောင်းနှင်နေခဲ့ပြီး
မောင်အုန်းမှာတော့ မောင်တိုး၏အနောက်တွင်ထိုင်နေခဲ့သည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့မှာတော့လှည်းအလယ်တွင်
သူတို့၏အဝတ်အစားများကို ဖြန့်ကြည့်နေကြရင်း
စကားပြောနေကြ၏။
သူတို့နံဘေးတွင်တော့ဘွားမယ်စိန်ထိုင်ခဲ့သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့၏နွားလှည်းလေးမှာ
မြို့မှထွက်ခွာလာပြီးရွာစဥ်များကိုကျော်ဖြတ်၍သွားလာနေ၏။
ထိုသို့သွားလာနေစဥ်...
"မောင်တိုး..."
"ဗျာ...ဘွား..."
"ရှေ့ဆို အင်ပင်ကြီးရွာရောက်တော့မယ်မလား"
"ဒီရွာကျော်ရင်အင်ပင်ကြီးရွာပဲလေဘွား"
"အေး...အေး...အဲ့ရွာရောက်ရင် ရွာကိုကျော်မသွားဘဲနဲ့..
ရွာထဲကိုတန်းမောင်းသွား...
ပြီးရင်ဘွားကျော့ခင်အိမ်ကိုမေးပြီးသာသွားကြစို့"
"ဘွားကျော့ခင်...ဒါနဲ့အဲ့ရွာကိုဘာလို့ဝင်ရတာလဲဘွား"
"ရွာရောက်ရင်သာဘွားပြောသလိုလုပ်စမ်းပါကွယ်...
ငါ့သားကတယ်လည်းစကားပေါလာပါ့လား"
ဘွားမယ်စိန်သည် မောင်တိုးအမေးကို မဖြေခဲ့။
မောင်တိုးမှာလည်း ရယ်ကျဲကျဲဖြင့်...
"ကျုပ်ကစိတ်ဝင်စားသွားလို့ပါဗျ...
စိတ်သာချဘွားရေ...ကျုပ်ဘွားပြောတဲ့အတိုင်းလုပ်ပါ့မယ်"
"အေး...အေး...အေး........."
ဘွားမယ်စိန်တို့နွားလှည်းကလေးသည် အင်ပင်ကြီးရွာသို့ရောက်ရှိလာခဲ့သည်။အချိန်မှာ မိုးချုပ်စပြုနေပြီဖြစ်တာ
ကြောင့်ရွာမှလူများသည် ဘွားမယ်စိန်တို့နွားလှည်းကို
စူးစမ်းစွာကြည့်နေကြ၏။
"ဗျို့...ဒီရွာပ ဘွားကျော့ခင်အိမ်ကိုညွှန်ပေးကြပါလား"
သူတို့အားကြည့်နေကြသောရွာသူ၊ရွာသားတို့ကို
မောင်တိုးမှမေးလိုက်လေတော့...
"ဘွားကျော့ခင်ရဲ့ဧည့်သည်တွေလား...
ရှေ့နှစ်အိမ်ကျော်ပြီးရင်လမ်းချိုးလေးကွေ့လိုက်ဝင်ဝင်ခြင်းညာဘက်ကအိမ်ကအဲ့တာဘွားကျော့ခင်အိမ်ပဲ...
သူ့အိမ်ရှေ့မှာသရက်ပင်တစ်ပင်ရှိတယ်...."
"ကျေးဇူးပဲဗျို့...သွားပါဦးမယ်"
ဘွားကျော့ခင်အိမ်ကိုညွှန်ပေးသူကအများသား။
သို့သော်လည်း သူတို့ထဲမှလူတစ်ယောက်ညွှန်ပေးတာ
ပိုတိကျ၏။
ရွာသားညွှန်လိုက်သည့်အတိုင်းအိမ်ရှေ့တွင်
သရက်ပင်တစ်ပင်ရှိပြီး နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးဆီသို့
ရောက်လာခဲ့ကြသည်။
ခြံရှေ့တွင်ပင်နွားလှည်းရပ်လိုက်တော့
အိမိအတွင်းမှ အသက်သုံးဆယ်ကျော်အမျိုးသားတစ်ဦး
ထွက်လာခဲ့ပြီးသူတို့ကိုသေချာကြည့်သည်။
ပြီးလေမှ...
"ဧည့်သည်တွေလား"
ဟု...မေးလေတော့ ဘွားမယ်စိန်တိို့မှာ
နွားလှည်းပေါ်မှဆင်းလာခဲ့ကြပြီး...
"ဒါက မကျော့ခင်အိမ်များလား"
ဟု...ဘွားမယ်စိန်မှမေးလိုက်သည်။
အမျိုးသားကလည်း...
"ဟုတ်ပါတယ်...မကျော့ခင်ဆိုတာ ကျုပ်အမေပါ..."
ဟုဖြေပြီး...
"ဒီကဧည့်သည်တွေကဘယ်ကလာပြီး
ဘယ်သူတွေများလဲဗျ..."
ဟုဆက်မေးပြန်သည်။
ထိုအချိန်...
"ဟဲ့...ဖိုးကျော့...ဧည့်သည်တွေဆိုရင်ခေါ်လာခဲ့လေ...
ဘယ့်နဲ့အိမ်ရှေ့ကြီးမှာစကားပြောနေရတာလဲတုန်း"
ဟူသော အမျိုးသမီးကြီးတစ်ဦး၏အသံသည်
အိမ်အတွင်းမှထွက်ပေါ်လာခဲ့လေသည်။
"ဒီကဧည့်သည်တွေဝင်ကြပါခင်ဗျ...
မိုးကလည်းချုပ်နေတော့...ဘယ်သူ...ဘယ်ဝါမှန်းမသိတော့...
ကျုပ်မေးရတာပါ"
ဟုပြောလေတော့ ဘွားမယ်စိန်မှ...
"ဘွားတို့နားလည်ပါတယ်ကွယ်...
ဘွားတို့ကသောင်ထွန်းရွာကပါ...
သောင်ထွန်းရွာကျောင်းမှာထိုင်တဲ့ဆရာတော်က
မကျော့ခင်ရဲ့တူတော်တယ်လေ...
ဆရာတော်ကလည်းသူ့အရီးအကြောင်းပြောပြတတ်လို့
လမ်းကြုံတာနဲ့ဝင်လာခဲ့တာ...
နောက်ပြီး မကျော့ခင်နဲ့ဘွားနဲ့ကလည်း
ဆရာတော်ဆီသူလာစဥ်က တွေ့ဆုံဖူးကြပါတယ်ကွယ်"
ဟုဘွားမယ်စိန်ဖြေလိုက်လေတော့...ဖိုးကျော့သည်
အားနာသွားဟန်ဖြင့်...
"ဟုတ်ကဲ့ပါဘွား...ကျုပ်ကမသိလို့ပါခင်ဗျ...
စိတ်မရှိပါနဲ့ဗျာ..."
"ရတယ်...ရတယ်...ဘာမှမဖြစ်ဘူးဘွားတို့ဘက်က..."
"အိမ်ထဲကြွကြပါခင်ဗျ...အိမ်ထဲမှာအမေရယ်...အစ်ကိုကြီးတို့မိသားစုရယ်ရှိပါတယ်ခင်ဗျ...."
ဟုပြော၍ မောင်တိုးတို့နှင့်အတူ
နွားလှည်းကူချွတ်ပေးနေတော့သည်။
ဘွားမယ်စိန်နှင့်အတူ ဒေါ်ဝင်းတို့သားအမိလိုက်ပါလာကြ၏။
အိမ်အတွင်းသို့ရောက်တော့ ရေနံဆီမီးခွက်များထွန်းထား၍ အတော်လင်းနေလေသည်။
ဧည့်ခန်းသဘောမျိုးဖြင့်သစ်သားခုံတန်းများ၊စားပွဲများခင်းကျင်းထားသည့်နေရာသို့ရောက်တော့
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးတစ်ဦးနှင့်
အသက်လေးဆယ်ကျော်
အမျိုးသားတစ်ဦးကိုပါတွေ့လိုက်ကြသည်။
အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးမှာ
ဘွားကျော့ခင်ဖြစ်ပြီး...ကျန်အမျိုးသားမှာသူ၏သားဖြစ်သူ
ကျော့ဖေဖြစ်၏။
ဘွားကျော့ခင်သည် ဘွားမယ်စိန်တို့အား
မျက်လုံးကိုမမှုန်မသုန်ဖြင့်စူးစိုက်ကြည့်အပြီး..
"ဟောတော်...ဘယ်သူတွေများလို့လဲ မမယ်စိန်တို့ပါလား...
လာကြ...ထိုင်ကြတော်..."
ဟု...ဝမ်းသာအားရဖိတ်ခေါ်တော့၏။
"မကျော့ခင်က မှတ်မိသားပဲ....ကျုပ်ကို"
"အမယ်လေး...ကျုပ်ကအခြားလူသာမေ့ချင်မေ့မယ်...
မမယ်စိန်ကိုတော့မမေ့ပါဘူးတော်..."
"ကျုပ်တို့လည်း မြို့စျေးသွားဝယ်တာနဲ့ကြုံလို့ဝင်လာကြတာ"
"သြော်...လမ်းကြုံဝင်တာလား...
ကျုပ်ဆီကိုများလာတာလားလို့ကျုပ်ကဝမ်းသာသွား
တာတော့်"
"အတူတူပါပဲ မကျော့ခင်ရယ်...အခုလည်းကျုပ်ကို
ဆရာတော်ဘုရားကအမြဲပြောပြောနေလို့ဝင်လာခဲ့တာ"
"ဆရာတော်ကဘာများပြောတာလဲတော့်"
ဘွားမယ်စိန်နဲ့ ဘွားကျော့ခင်မှာ
တစ်ယောက်နဲ့တစ်ယောက်အလွန်ခင်မင်ကြသူများ
ဖြစ်သည်ကိုသူတို့နှစ်ဦးပြောဆိုသည့်စကားများ
အရသိရှ်ိနိုင်ပေသည်။
ယခုလည်း ဘွားမယ်စိန်၏အနားသို့ပင်ဘွားကျော့ခင်
ပြောင်းရွေ့ထိုင်၍ စကားလက်စုံကျနေခဲ့သည်။
မောင်တိုးတို့မှာလည်းနွားလှည်းဖြုတ်ပြီး၍
ဧည့်ခန်းသို့ဝင်လာခဲ့ကြပြီး
သင့်တော်ရာ၌ထိုင်နေကြလေသည်။
ဘွားကျော့ခင်မှာတော့ဘွားမယ်စိန်အဖြေကိုစိတ်ဝင်စားနေ၏။
"ဒီလိုမကျော့ခင်ရဲ့...ဆရာတော်တစ်နေ့ကျုပ်ကို
သူ့ကျောင်းကိုလာခဲ့ဖို့ခေါ်တယ်...
ဆရာတော့်ကျောင်းကိုကျုပ်ရောက်တော့...
ဆရာတော်က သူ့အိမ်မက်ကိုကျုပ်ကိုပြောပြတယ်တော့်"
"အလို...ဆရာတော်ကဘာအိမ်မက်တွေများမက်တာတုန်း"
"ဆရာတော့်အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့
ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး...
ဆရာတော့်ရဲ့ မွေးရပ်ဇာတိရွာမှာ...မစာဥဆိုတဲ့အမျိုးသမီးကြီးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတယ်တဲ့...
နောက်ပြီးအဲ့အမျိုးသမီးကြီးကိုလည်း ကျုပ်ကပဲကုသပေးနိုင်တယ်လို့ပြောသတဲ့လေ"
"အလို...မစာဥ...."
"မစာဥ"
"မစာဥ...."
မစာဥဆိုသောအသံကြားသည်နှင့် ဘွားကျော့ခင်တင်မက
ဘွားကျော့ခင်၏သားနှစ်ဦးဖြစ်သည့်ဖိုးကျော့နှင့်ကျော့ဖေတို့ပင်အံ့သြသင့်ကုန်ကြသည်။
"ကျုပ်ကိုဆရာတော်ပြောတာကလည်းလွန်ခဲ့တဲ့လလောက်ကဆိုတော့ အခုလိုအခွင့်သင့်တုန်းဝင်လာခဲ့ရတာပဲ
မကျော့ခင်ရေ...ဒါနဲ့ မကျော့ခင်တို့ရွာမှာ...
မစာဥဆိုတဲ့အမျိုးသမီးရှိသလားတော့်"
"ရှိတာပေါ့ဘွားရဲ့...ရှိတာပေါ့ဗျာ..."
ဘွားမယ်စိန်အမေးကို...ဖိုးကျော့မှဝမ်းသာအားရဝင်ဖြေသည်။
ဘွားကျော့ခင်နှင့်ကျော့ဖေတို့မှာလည်း ခေါင်းညိတ်၍
ရှိသည်ဟုပြောကြသည်။
ထိုအခါ ဖိုးကျော့မှ...
"တကယ်က...ဘွားစာဥက ကျုပ်တို့ရွာကမဟုတ်ဘူးဗျ...
ဘယ်ကလာမှန်း...ဘယ်သူမှန်းလည်းကျုပ်တို့မသိဘူး...။
သူကျုပ်တို့ရွာကိုရောက်လာကတည်း
သူ့ စိတ်ကသိပ်မမှန်ဘူး...
စိတ်မမှန်လို့အရူးလို့ခေါ်ရအောင်လည်းသူအဲ့လောက်ထိ
မရူးဘူးဗျ...ကလေးတွေကအစလူကြီးတွေအဆုံး
သူ့ကိုချစ်ကြတယ်။
ရွာထိပ်ကညောင်ပင်အောက်မှာပဲနေတယ်...
အဲ့မှာပဲစားတယ်သောက်တယ်...
ဘယ်သူ့ကိုမှတော့ဒုက္ခမပေးရှာဘူး"
ဖိုးကျော့ပြောသော ဘွားစာဥ၏အကြောင်းကိုဘွားမယ်စိန်တို့သိရှိသွားတော့သည်။
"ကဲပါလေ...မိုးလည်းချုပ်နေပြီ...
ခရီးလည်းပင်ပန်းလာကြမှာပဲ...ငါ့သားကျော့ဖေ....မင်းမိန်းမကို ထမင်းဝိုင်းပြင်ပေးဖို့ခိုင်းလိုက်ဦး"
"ဟုတ်ကဲ့အမေ..."
ဖိုးကျော့မှာလူလွတ်ဖြစ်ပြီး...
အကြီးဖြစ်သောကျော့ဖေမှာမိန်းမနှင့်ကလေးရှိ၏။
ယခု ဘွားကျော့ခင်မှခိုင်းလိုက်၍ ကျော့ဖေတစ်ယောက်မီးဖိုခန်းသို့အပြေးဝင်သွားတော့သည်။
ဘွားမယ်စိန်နှင့်ဘွားကျော့ခင်တို့မှာတော့
ပြော၍မကုန်ခမ်းနိုင်သော အကြောင်းအရာများကို
ပြောနေကြရာဒေါ်ဝင်းတို့မောင်အုန်းတို့မှာလည်းသူတို့ပြောသည်များနားထောင်နေကြရရှာသည်။
ထိုနေ့ညက ဘွားမယ်စိန်တို့အားလုံး ဘွားကျော့ခင်၏
အိမ်၌ တည်းခိုကြ၏။
နံနက်ရောက်လေတော့ ဘွားကျော့ခင်ကိုယ်တိုင်လုပ်ကျွေးသော
ဆီထမင်းနှင့်အကြော်စုံတို့ကိုဧည့်ခံလေသည်။
နံနက်စာကို ဆီထမင်းနှင့်အကြော်များစားလိုက်...
ရေနွေးကြမ်းလေးသောက်လိုက်ဖြင့်
မောင်တိုးနဲ့မောင်အုန်းမှာသဘောခွေနေကြလေသည်။
ဘွားကျော့ခင်ကိုလည်း...
"ဘွားကျော့...ကျုပ်တို့တော့ဘွားကျော့လက်ရာကို
အတော်ကြိုက်နေပြီဗျို့..."
ဟုချီးမွှန်းကြပြန်သည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့မှာ...
"ဟုတ်ပါ့တော်...ကျုပ်လည်းဘွားကျော့လက်ရာဒီလောက်စားကောင်းမယ် မထင်ထားဘူး..အတော်လေးကြိုက်တယ်တော်"
ဟု...ပြောလေတော့ ဘွားကျော့ခင်တယောက်မှာ
တပြုံးပြုံးဖြင့်ပီတိဖြစ်နေတော့သည်။
ထိုစဥ်အနားရောက်လာသော ဖိုးကျော့မှ...
"ဒါခင်ဗျားတို့ကံကောင်းတာဗျ...အမေက
မီးဖိုမဝင်တာအတော်ကြာပြီ...
ကျုပ်တို့ဆို အစ်မလက်ရာပဲစားနေရတာ..."
ဟု... ပြောလေတော့...
"အို...မင်းတို့လူငယ်တွေအကြိုက်ချက်ရတာ
တနေ့တနေ့ခေါင်းရှုပ်လွန်းလို့...အခုကျ
ကျော့ဖေမိန်းမကိုပဲ
မီးဖိုထဲဝင် ကြိုက်တာချက်ခိုင်းလိုက်တော့...
ပိုမကောင်ဘူးလား ဖိုးကျော့ရဲ့...
မင်းမိန်းမရတော့လည်း
ဒီလိုပဲချက်ခိုင်းဦးမှာ..."
"အမယ်လေးဗျာ...အမေကတော့ချွေးမတွေ
အကုန်မီးဖိုထဲပို့နေတာပါလား"
ဟူသော ဖိုးကျော့၏စကားကြောင့်
မောင်တိုးတို့မှာရယ်မောကုန်ကြတော့သည်။
ခဏမျှကြာလေတော့ဘွားမယ်စိန်သည်ဘွားကျော့ခင်ကို...
"ဒါနဲ့...မကျော့ခင်ရဲ့...ကျုပ်မစာဥနဲ့တွေ့ချင်သေးတယ်လေ...
အဲ့တာဘယ်လိုလုပ်ရမလဲတော့်"
ဟုမေးလေတော့ ဘွားကျော့ခင်ကစဥ်းစားနေ၏။
ထိုအခါဖိုးကျော့ကပင်...
"ဒါများဘွားရယ်...တော်နေကြရင် ကျုပ်ဆီထမင်းနဲ့အကြော်
သူ့ကိုသွားပို့ပေးရမှာလေ အဲ့တော့ကျ...
ဘွားလည်းကျုပ်နဲ့တခါထဲလိုက်ခဲ့လိုက်လေဗျာ..."
ဟုပြောသောအခါဘွားကျော့ခင်မှ...
"ဟုတ်တယ် မမယ်စိန်ရေ...ကျုပ်လည်းတော်တို့လာတဲ့
လာရင်းကိစ္စကိုမေ့နေပြီး...
ကျုပ်သားဖိုးကျော့ကိုတောင်မစာဥအတွက်
ဆီထမင်းလေးပို့ခိုင်းနေသေးတာ...
အခုတော့အခါသင့်တာပေါ့လေ...
မမယ်စိန်တို့လည်းသူရှိရာကိုလိုက်ကြည့်လို့ရတာပေါ့"
"ဒီလိုဆိုလည်းကောင်းတာပေါ့...
ကဲ...ဒါဆိုရင်မောင်ဖိုးကျော့ရေ...မင်းသွားရင်ဘွားလိုက်ခဲ့မယ်"
ဘွားမယ်စိန်သည် ဖိုးကျော့နှင့်အတူ ရွာထိပ်ညောင်ပင်အောက်တွင်နေသော ဘွားစာဥကိုသွားတွေ့တော့ပေမည်။
မောင်တိုးနဲ့မောင်အုန်တို့သာလိုက်စေပြီး
ဒေါ်ဝင်းတို့သားအမိအား ဘွားကျော့ခင်နှင့်အတူနေခဲ့စေသည်။
ရွာထိပ်ညောင်ပင်သ်ို့ထွက်လာခဲ့ကြတော့
လမ်းတလျှောက်အိမ်များမှရွာသူ၊ရွာသားတို့သည်
ဘွားမယ်စိန်တို့အား လူစိမ်းများမို့စူးစမ်းစွာကြည့်နေကြသည်။
တချို့ကတော့...
"ဟေး...ဖိုးကျော့ဧည့်သည်တွေလား"
ဟုမေးလေတော့...
"ဟုတ်တယ်ဗျ...ဒါကျုပ်အမေရဲ့သူငယ်ချင်း"
ဟု...ဖိုးကျော့မှပြန်ဖြေပေးလေသည်။
ရွာထိပ်ညောင်ပင်ဆီသို့ရောက်လာကြလေတော့
ညောင်ပင်အောက်၌ ကြွေကျနေသော ညောင်ရွက်များကို
စုကာကောက်နေသည့် မိန်းမကြီးကိုဘွားမယ်စိန်တို့တွေ့မြင်သွားကြသည်။
ဖိုးကျော့ကလည်းထိုမိန်းမကြီးကိုလက်ညှိးထိုး၍...
"အဲ့တာ...ဘွားစာဥပဲဗျ"
ဟုပြောလေသည်။
စိတ်မမှန်သော်လည်း ညောင်ရွက်များကိုရှင်းလင်းနေသော
မိန်းမကြီးကိုကြည့်၍ ဘွားမယ်စိန်ပြုံးနေလေသည်။
ဖိုးကျော့ကလည်းသူယူလာသော ဆီထမင်းနှင့်အကြော်ပန်းကန်ကို ကိုင်၍ ထိုမိန်းမကြီးအနားသို့သွားကာ...
"ဘွားစာဥ......"
ဟုခေါ်လိုက်လေတော့...
"ဟေး......"
ဟုသောထူးသံနှင့်အတူ ဖိုးကျော့ကိုကြည့်၏။
"ဒီမှာ ဆီထမင်းနဲ့အကြော်...ဘွားစာဥစားဖို့
ကျုပ်ယူလာတာ"
ပြောလည်းပြော ပန်းကန်ကိုလည်းပေးလိုက်လေတော့
ဝမ်းသာအားရဖြင့် သူ၏လက်များကိုထဘီဖြင့်သုတ်လိုက်ပြီး
ဆီထမင်းပန်းကန်ကိုယူလိုက်၏။
ပြီးနောက်လက်ဖြင့်နယ်ဖက်၍ ပါးစပ်ထဲသို့အတင်းထိုးသွတ်
တော့သည်။
ဆီထမင်းနှင့်အကြော်များကိုအားပါးတရစားနေသော
ဘွားစာဥကိုကြည့်၍ မောင်တိုးတို့မှာစိတ်မကောင်းဖြစ်နေကြရှာသည်။
ဆီထမင်းများကိုစားနေသော ဘွားစာဥမှာက သူတို့အား
သတိမမှုမိသေး။
ပန်းကန်တွင်း၌ပြောင်သလင်းခါလေတော့မှ
ဖိုးကျော့ကိုပန်းကန်ပြန်ပေး၏။
ပြီးနောက်ဖိုးကျော့တို့အနီးမှထွက်သွားဖို့ပြင်လေတော့
ဘွားမယ်စိန်မှဘွားစာဥ၏လက်ကိုလှမ်းဆွဲ၍...
"မစာဥ......."
ဟုခေါ်လိုက်လေတော့ ဘွားစာဥမှာဘွားမယ်စိန်ကို
လှမ်းကြည့်လေသည်။
ဘွားစာဥမှာ ဘွားမယ်စိန်ကိုမျက်တောင်မခတ်စတမ်း
စိုက်ကြည့်နေခဲ့ပြန်သည်။
"ကျုပ်ကိုသိသလား"
ဟု...ဘွားမယ်စိန်မှမေးတော့...ဘွားစာဥမှာကြည့်နေရင်း
ခေါင်းညိတ်ပြသည်။
ဘွားမယ်စိန်ကလည်း...
"ကျုပ်နာမည်ကဘွားမယ်စိန်ပါ...
လာ...ထိုင်ပါဦး မစာဥရယ်..."
ဟုပြောကာ ညောင်ပင်အောက်တွင်ဝင်ထိုင်လေသည်။
ဘွားစာဥမှာလည်းထူးဆန်းစွာဖြင့်
ဘွားမယ်စိန်ပြောသည့်အတ်ိုင်းထိုင်၏။
ဖိုးကျော့မှာတော့အတော်အံ့သြနေသည်။
"ကဲ...မောင်ရင်တို့...ဘွားတို့နှစ်ယောက်သီးသန့်
စကားပြောချင်တယ်ကွယ်..."
ဟုပြောလိုက်တော့ ဖိုးကျော့မှ...
"ဒါဖြင့်ကျုပ်သူတို့ကိုရွာထဲလိုက်ပြလိုက်ဦးမယ်ဗျာ"
ဟုပြော၍ မောင်တိုးတို့ကိုခေါ်သွားတော့သည်။
ဘွားမယ်စိန်နှင့်ဘွားစာဥသာ ညောင်ပင်အောက်၌ ကျန်ရစ်ခဲ့လေသည်။
ညောင်ပင်အောက်၌ထိုင်ရင်းသူတပြန်ငါတပြန်စကားပြောနေသော ဘွားမယ်စိန်နဲ့ဘွားစာဥကို ဖြတ်သွားဖြတ်လာများမှ
စိတ်ဝင်တစားဖြစ်နေကြသည်။
ဘွားစာဥကိုလည်းအံ့သြနေကြ၏။
အချိန်အတော်ကြာသည်ထိဘွားမယ်စိန်နှင့်ဘွားစာဥတို့
စကားပြောနေကြပြီးနောက်
ဖိုးကျော့တို့ပြန်ရောက်လာကြသည်။
ဖိုးကျော့တို့ကိုမြင်လေတော့ဘွားမယ်စိန်သည်...
"ကဲ...မစာဥ...ကျုပ်တို့နဲ့တခါထဲလိုက်ခဲ့ပေတော့..."
ဟုခေါ်လေတော့ဘွားစာဥမှခေါင်းညိတ်လေသည်။
ဖိုးကျော့တို့မောင်တိုးတို့မှာအံ့သြသင့်နေကြစဲ။
သို့သော်ဝင်လည်းမမေးရဲကြ။
ဘွားမယ်စိန်တို့နှင့်အတူလိုက်ပါလာသော ဘွားစာဥကိုလည်း
ရွာသူ၊ရွာသားတို့ကအံ့သြနေကြသည်။
ဘွားစာဥကိုကလေးများမှမြင်သောအခါ...
"ဘွားစာဥ..."ဟု...ဝိုင်းခေါ်ကြလေတော့ဘွားစာဥမှာ
မထူးတော့ဘဲ အားလုံးကိုပြုံးပြနေခဲ့သည်။
အားလုံးမှာလည်းဘွားစာဥကို
အထူးအဆန်းဖြစ်နေကြတော့သည်။
ဘွားကျော့ခင်အိမ်သို့ရောက်လာကြတော့
ဘွားစာဥလိုက်ပါလာသည်ကိုမြင်လေတော့
ဘွားကျော့ခင်မှ...
"အလို...မစာဥလိုက်လာတာလား"
ဟု...မေးလေတော့ ဘွားမယ်စိန်မှ...
"ဟုတ်တယ်မကျော့ခင်ရေ...ကျုပ်ခေါ်လာခဲ့တာ...။
မကျော့ခင်ကိုအပူကပ်ရဦးမယ်တော်ရေ့"
"ဘာများလဲမမယ်စိန်ရဲ့...ပြောပါကျုပ်ကိုအားမနာပါနဲ့"
"ဒီလိုတော့်...မစာဥကို ကျုပ်ဒီခေါ်လာပြီဆိုတော့...
သူဝတ်တာကအစ မကျော့ခင်ကိုအကူအညီတောင်းရတော့မှာပဲလေ...ဒီတွက်ကြောင့်ပါ"
"သြော်...ဒါလေးများမမယ်စိန်ရယ်...
ကျုပ်ကူညီနိုင်ပါတယ်..."
ဘွားကျော့ခင်မှဘွားစာဥကိုကူညီရန်လက်ခံသောကြောင့်
အဆင်ပြေသွားခဲ့ရသည်။
ဘွားစာဥအားရေမိုးချိုးစေပြီး
အဝတ်အစားများကအစ ဘွားကျော့ခင်မှထုတ်ပေးလေသည်။
ဘွားစာဥ၏ပြောင်းလဲလာမှုကြောင့်လည်း
ဘွားကျော့ခင်တို့ဝမ်းသာနေကြလေသည်။
သို့သော်ဘွားမယ်စိန်အား
မည်သည့်မေးခွန်းမျှမမေးကြသေးပေ။
ညသို့ရောက်လေတော့ ဘွားမယ်စိန်၊ဘွားစာဥ၊ဘွားကျော့ခင်တို့လူကြီးများ၏စကားဝိုင်း၌...ဒေါ်ဝင်းတို့မောင်တိုးတို့သာမက
ဘွားကျော့ခင်၏သားနှစ်ယောက်နှင့်ချွေးမ၊မြေးပါမကျန်
နံဘေးတွင်ထိုင်ကာ နားထောင်နေကြလေသည်။
"ကဲ...မမယ်စိန်...တော့်ကိုအခုမှပဲကျုပ်မေးပါဦးမယ်...
မစာဥကဘယ်လိုဖြစ်ပြီးလူကောင်းပဂတိအတိုင်း
ပြောင်းလဲလာတာလဲ...။
အဲ့ကိစ္စကိုကျုပ်သိချင်နေတာများ
ဒီနေ့တနေ့ခင်းလုံးအောင့်အီးထားခဲ့ရတယ်တော်..."
ဟု...ဘွားကျော့ခင်မှပြောလေတော့
ဘွားမယ်စိန်သည်...
"ကျုပ်သိပါတယ်တော်...တော်တင်မကဘူး
ဒီကလူအကုန်နဲ့တရွာလုံးလည်းသိချင်နေကြမယ်ဆိုတာ...
ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့မစာဥကပဲပြောပါစေလေ"
ဟု...ဘွားစာဥကိုကြည့်ကာပြောလိုက်လေသည်။
ဘွားစာဥထံသို့အားလုံး၏အကြည့်များရောက်လာလေတော့
ဘွားစာဥမှ...
"အင်း...ကျုပ်ဘယ်လိုပြန်ကောင်းလာတာလဲထက်...
ကျုပ်ဘဝအကြောင်းဘယ်လိုတွေဖြစ်ပျက်
ခဲ့ရတာလဲဆိုတာကိုအရင်ပြောပါရစေ.........."
ဟု...အစပြု၍...
"ကျုပ်ကဒီရွာရဲ့အရှေ့ဘက်က အင်းဖိုရွာကပါ...
ကျုပ်မှာသားတစ်ယောက်ရှိတယ် ယောကျာ်းကတော့ဆုံးပါးသွားတာ ငါးနှစ်လောက်ရှိပြီပေါ့လေ...
ယောကျာ်းမရှိပေမယ့်...ကျုပ်ယောကျာ်းကစီးပွားရှာကောင်းတော့ အင်းဖိုရွာမှာလူချမ်းသာတွေပေါ့...
အလှူအတန်းဆိုရင်လည်းအင်းဖိုရွာကျောင်းကသက်သေရှိပါတယ်တော်...အဲ့သည်မှာ
ကျုပ်တို့ကောင်းမှုလှူထားတာတွေကလည်း
အတော်များတာကိုး...
ဒါပေမယ့်ကျုပ်ဘဝကပြောင်းလဲသွားခဲ့တယ်လေ....."
*******************************
"အမေ......."
"ဘာလဲ..."
"အမေကလည်းဗျာ...ထူးတာကြီးက"
"ဟဲ့...ငါကနင့်ကိုဘယ်လိုထူးရမှာလဲ...
ချိုချိုသာသာထူးရအောင်တန်လို့လားနင်နဲ့က"
"ဟာဗျာ...ဖဲရှုံးလာလို့စိတ်ညစ်ရတဲ့ကြားထဲ
ကျက်သရေတုန်းအောင်ဆူပူနေတာပဲ"
ဘွားစာဥ၏တဦးတည်းသော
သားဖြစ်သူ တင်ဦးသည်
အရက်သမားဖဲသမားဖြစ်၏။
သောက်လိုက်သောအရက်...ရှုံးလိုက်သောဖဲတို့ကြောင့်
ဖခင်ချန်လှပ်ထားခဲ့သောစည်းစိမ်များမှာတဖြေးဖြေးလျော့ပါးလာခဲ့လေသည်။
ယောကျာ်းဆုံး၍အားကိုးမဲ့ရှာသော မိခင်ကြီးဘွားစာဥထံမှ
ငွေများကိုချော့တခါခြောက်တလှည့်အမျိုးမျိုးဖြုန်းတီး
ပစ်လေသည်။
"အမေ...ကျုပ်ကိုငွေနည်းနည်းလောက်ပေးပါဦးဗျာ..
ကျုပ်ငွေကုန်လို့ပြန်လာတာ...ဟိုမှာဝိုင်းကကောင်းနေပြီဗျ"
"ဟဲ့...တင်ဦး... နင်အစောကယူသွားတာ
ငါ့မှာရှိတာအကုန်ပဲ...ဘာငွေမှမရှိတော့ဘူး"
"ဘာဗျ...ကျုပ်အဖေထားခဲ့တာတွေက
ကျုပ်သေတဲ့ထိစားလို့ရတဲ့ဟာကို
ခင်ဗျားကြီးကမရှိတော့ဘူးပြောရဲတယ်နော်..."
မူးမူးရူးရူးဖြင့်အော်ဟစ်နေသော သားဖြစ်သူတင်ဦးကြောင့်
အရှက်ကြီးလှစွာသော ဘွားစာဥခမြာ...မျက်ရည်များကျနေခဲ့ရှာသည်။
"အဲ့သည်...နင့်အဖေရှာခဲ့သမျှ....နင်သုံးဖြုန်းပစ်လို့
အခုဘာကျန်လို့လဲတင်ဦးရဲ့...ဟင်...
ငါ့မှာဘာကျန်တော့လို့လဲ"
"ဘာလို့မကျန်ရမှာလဲ...ခင်ဗျားကျုပ်မသိအောင်
သိမ်းထားဆည်းထားတာတွေတော့ရှိဦးမှာပဲ...
အဲ့တော့ခင်ဗျားပေးမလား...
မပေးဘူးလားကျုပ်ကိုပြောဗျာ"
"ငါနင့်ကိုဘာမှမရှိတော့ဘူးလို့ပြောနေတယ်နော်တင်ဦး"
ဘွားစာဥမှာအမှန်တကယ် မည်သည့်ငွေကြေးမှမရှိရှာတော့။
သို့သော် ခင်ပွန်းဖြစ်သူဝယ်ပေးထားသည့်
ပတ္တမြားလက်စွပ်ကြီးတစ်ခုသာကျန်ရှိလေသည်။
ထိုလက်စွပ်ကြီးကိုလည်းသားဖြစ်သူတင်ဦး
တောင်းယူမည်ဆိုးသောကြောင့်
မြေ၌သိမ်းဆည်းမြုပ်နှံထားလေသည်။
ယခုတော့တင်ဦးမှာ မိခင်ကြီးကိုမူးမူးရူးရူးဖြင့်
ချိန်းခြောက်၍တောင်းနေခဲ့ပြန်သည်။
"ငါ့သားရယ်...အမေတကယ်ဘာမှမရှိတော့လို့ပါကွယ်..."
ဟုအသနားခံလေတော့...
"ဒုန်း...."
"ဘုန်း..."
"အမလေးးးး..."
"ကျုပ်မယုံဘူး...ခင်ဗျားကြီးလိမ်နေတာ..."
တင်ဦးသည်မြင်မြင်သမျှပစ္စည်းများကို
ပေါက်ခွဲပစ်နေတော့၏။
ဘွားစာဥမှာတော့အခန်းထောင့်လေးတွင်
ကျုံ့ကျုံ့လေးထိုင်ကာငိုနေရှာသည်။
အရက်ခိုးနှင့်နဂိုကပင်မိုက်ရိုင်းသောတင်ဦးမှာ
ပစ္စည်းများကိုဖျက်စီးပစ်ရုံဖြင့်မကျေနပ်သေး။
အခန်းအတွင်းသို့ဝင်၍ဓားရှည်တစ်လက်ကိုယူလေတော့
ဘွားစာဥမှာထိတ်လန့်တကြားအိမ်အောက်သို့
ဆင်းပြေးရလေသည်။
"ခင်ဗျား...ကျုပ်နဲ့တွေ့မယ်....
ကျုပ်ကိုညာတဲ့အဘွားကြီး ကျုပ်နဲ့တွေ့ပြီပဲ..."
ဟုအော်ဟစ်၍ ဓားကြီးကိုခပ်တင်းတင်းကိုင်ကာ
ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့်အပြေးလိုက်တော့သည်။
ဘွားစာဥမှာသားဖြစ်သူလက်ကလွှတ်ဖို့ရန်ပြေးလွှားနေပါသော်လည်း မည်သူ့ကိုမှအကူအညီမတောင်း။
ခင်ပွန်းသည်လက်ထပ်ကတည်းကထိန်းသိမ်းလာသော
သိက္ခာကိုအကျမခံနိုင်။
သို့သော်လည်းသူတို့သားအမိ၏အဖြစ်အပျက်ကို
မြင်ကြလေသော ရွာသူ၊ရွာသားတို့မှာ တင်ဦးကို...
"ဟဲ့...တင်ဦး...မလုပ်ပါနဲ့ဟဲ့"
"တင်ဦး...မင်းဓားကိုချစမ်း...."
ဟုအော်ဟစ်ကြလေသည်။
"ဝင်တားစမ်း...ဝင်တားတဲ့အကောင်အသေပဲ"
ဟုတင်ဦးမှပြန်ကျိန်းလေတော့ မည်သူမှဝင်မဆွဲရဲကြ။
"အဘွားကြီးရပ်စမ်း...ကျုပ်တောင်းတဲ့ငွေကိုမပေးဘဲ...
ခင်ဗျား...ကျုပ်လက်ကလွှတ်မယ်ထင်သလား"
ဘွားစာဥမှာသားကိုကြောက်၍ရွာပြင်ကိုထွက်ပြေး၏။
တင်ဦးမှလည်းအသည်းအသန်လိုက်၏။
ရွာသူ၊ရွာသားတို့မှာလည်းစိုးရိမ်တကြီးလိုက်လာကြသည်။
လမ်းခုလပ်သို့အရောက် တင်ဦးမှာ မြေစိုင်ခဲတလုံးကို
ခလုတ်တိုက်မိ၍ မြေပေါ်သို့လဲကျသွားတော့သည်။
"အားးးးးးး........"
တင်ဦး၏အော်သံကျယ်ကြီးထွက်ပေါ်လာခဲ့သည်။
ဘွားစာဥတင်မကနောက်မှလိုက်ပါလာကြသူများလည်း
တင်ဦး၏အော်သံကိုကြားလိုက်ကြသည်။
တင်ဦးမှာတော့လဲကျနေရာမှပြန်ထမလာ...
ဘွားစာဥလည်းနောက်သို့လည်ပြန်ကြည့်ရင်း
ဆက်မပြေးနိုင်တော့ဘဲ ရပ်ကြည့်နေခဲ့၏။
အချိန်အတော်ကြာသည်အထိတင်ဦး ထမလာခဲ့သလို၊
လှုပ်ရှားမှုလည်းမရှိတာကြောင့် ရွာသားများထဲမှတစ်ယောက်သည် တင်ဦးအနားသို့ရဲတင်းစွာသွားကြည့်လေသည်။
ထိုအခါမှ...
"ဟာ...တင်ဦးကိုယ်ထဲဓားကြီးစိုက်နေတာဗျ......"
"ဟင်..."
"ဟာ..."
"အမလေး..."
ရွာသား၏အသံကြောင့်အားလုံးထိတ်လန့်သွားကြသည်။
ရွာသားမှတင်ဦး၏ကိုယ်ကိုတွန်းဖယ်လိုက်လေတော့
ဓားကြီးမှာတင်ဦး၏ရင်ဘက်ကိုထိုးစိုက်ဝင်နေသောမြင်ကွင်းကိုအားလုံးတွေ့မြင်သွားကြတော့သည်။
"အမယ်လေး........ဟင်း....ဟင်း...ဟင်း....."
ဘွားစာဥမှာသားဖြစ်သူရဲ့မြင်ကွင်းကြောင့်
မယုံကြည်စိတ်များဖြစ်ကာ...စိတ်တို့ကပြောင်းကပြန်ဖြစ်၍
နေရာမှထွက်ပြေးသွားတော့သည်။
*******************************
"ဘွားအဖြစ်က အဲ့သလိုပါကွယ်အသက်ကြီးမှရလာတဲ့
သားကိုဖူးဖူးမှုတ်ချစ်ခဲ့ကြတော့...
အခုလိုအရူးမကြီးဖြစ်ရတာပေါ့...
မမယ်စိန်ရဲ့ကျုပ်လေ...ရွာစဥ်လျှောက်သွားရင်းနဲ့
ဒီရွာကိုရောက်လာခဲ့တာ...ဒီရွာကညောင်ပင်အောက်မှာနေတယ်...အိပ်တယ်...စားတယ်...
ကျုပ်အတွက်အတော်နွေးထွေးတယ်လို့ခံစားရတယ်တော့်...
တခုပဲကျုပ်စိတ်က ကျုပ်သားသေတဲ့မြင်ကွင်းကြီး
မြင်လာမိရင် စိတ်ကမမှန်တော့ဘူး...။
ဒါပေမယ့်လေ...ကျုပ်ဆီကိုအကူအညီပေးမယ့်သူလာလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်...ဒါကြောင့်မို့
ကျုပ်ဒီနေရာကနေဘယ်မှမသွားဘဲစောင့်နေမိတာ"
ဘွားစာဥ၏ဘဝအကြောင်းကိုသိကြလေတော့
စိတ်မကောင်းဖြစ်နေကြရှာသည်။
ဘွားမယ်စိန်မှ...
"တကယ်တော့ မစာဥက သွက်သွက်ခါအောင်မရူးပါဘူး...
သတိလေးလွတ်သွားတဲ့အခါမှသာ
ဟိုသည်လျှောက်သွားနေတာ...
အခုကျုပ်ပြောသလို...ဘုရား၊တရားနဲ့သာဆိုရင်
မစာဥရဲ့အဖြစ်ဆိုးကနေလွတ်မြောက်လာနိုင်တယ်လေ..."
ဘွားစာဥသည်.ဘွားမယ်စိန်၏စကားကိုခေါင်းညိတ်ရင်း...
"ကျုပ်မမယ်စိန်ကိုယုံပါတယ်...အားလည်းကိုးတယ်...
မမယ်စိန်ကိုစမြင်လိုက်တော့ ကျုပ်အတွက်ကယ်ဆယ်မယ့်သူလာပြီဆိုပြီး ကျုပ်ရင်ထဲမှာလှိုက်ခနဲဝမ်းသာမိသွားတာ
အမှန်ပါတော်...
တကယ်လည်းမမယ်စိန်နဲ့စကားတွေပြောဖြစ်တော့
ကျုပ်ရဲ့အဖြစ်ကိုကျုပ်ပြန်တွေးမိသွားပြီး...
ဒီဘဝကနေလွှတ်မြောက်ချင်လာတယ်"
ဘွားစာဥ၏စကားများကိုနားထောင်နေကြသောသူများထဲမှ
ဘွားကျော့ခင်သည်...
"ဒီတော့မစာဥကဘာဆက်လုပ်မယ်စဥ်းစားထားလဲ"
"ကျုပ်...ကျုပ်ရွာမှာကျန်ခဲ့တဲ့ကျုပ်ရဲ့လက်စွပ်နဲ့အိမ်ခြံဝန်းတွေအကုန်ရောင်းပြီး မမယ်စိန်တို့ရဲ့သောင်ထွန်းရွာမှာဘုရားတည်
မယ်...အဲ့တာပြီးရင်တော့ ကျုပ်ဘဝတစ်ခုလုံးဘုရားအရိပ်မှာပဲ
ခိုအောင်းတော့မယ် အစ်မရယ်..."
"အင်းလေ...မစာဥဆုံးဖြတ်တာအလွန်ကောင်းပါတယ်"
ဘွားကျော့ခင်မှာဘွားစာဥက်ိုသနားလည်းသနား
သူ၏ဆုံးဖြတ်ချက်ကိုလည်းလေးစားနေမိသည်။
ထို့နောက်မှာတော့ဘွားစာဥ၏ရွာကို
ဖိုးကျော့မှပြန်လိုက်ပို့ပေးသည်။
ဘွားစာဥလည်းသူ၏အိမ်ခြံများကိုရောင်းချ၍
ဘွားမယ်စိန်တို့ရွာသို့တပါးထဲလိုက်ပါလာခဲ့တော့သည်။
ပြီးနောက်
ဘွားမယ်စိန်၊ဘွားစာဥ၊ဘွားကျော့ခင်တို့သည်
သောင်ထွန်းရွာသို့အတူရောက်လာခဲ့ကြတော့၏။
ဘွားမယ်စိန်တို့ကလည်းဘွားစာဥပြန်အလာကို
အင်ပင်ကြီးရွာမှစောင့်နေခဲ့ကြခြင်းဖြစ်သည်။
သောင်ထွန်းရွာသို့ရောက်တော့...
ကျောင်းထိုင်ဆရာတော်အား ဘွားစာဥ၏အကြောင်းများကိုပြောပြ၍ လှူဒါန်းမည်များကိုလျှောက်ထားလေတော့
ဆရာတော်မှာအတော်ပင်ဝမ်းသာသွားရှာသည်။
ဘွားစာဥ၏အလှူကိုလည်းသောင်ထွန်းတရွာလုံးက
ပါဝင်ကူညီကြသည်။
သောင်ထွန်းရွာ၌ စေတီ တည်ဖို့ရန် လှူဒါန်းသော
ဘွားစာဥကိုလည်း အလွန်ကျေးဇူးတင်နေကြတော့၏။
ရှိသမျှစည်းစိမ်တို့ကိုလှူဒါန်းပြီး ဘုရားရိပ်၊တရားရိပ်သို့
ခိုလှုံသွားသော ဘွားစာဥ၏အကြောင်းမှာလည်း
သောင်ထွန်းရွာ၊အင်ပင်ကြီးရွာ၊အင်းဖိုရွာတင်မက...
အနီးအနားရွာတွေသို့ပါ ပျံ့နှံ့သွားခဲ့၏။
ကြားရ၊သိရသူအပေါင်းမှာလည်း ဘွားစာဥ၏ဘဝအကြောင်းကို သနားကြသလို...ဘွားစာဥ၏လှူဒါန်းမှုကိုလည်း
သာဓုခေါ်ကြလေသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်ထူးဆန်းသောအမယ်အိုဇာတ်လမ်းလေးပြီးဆုံးသွားပါပြီ။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)

Comments
Post a Comment