(၉)

မောင်ဘိုးထင်တို့သည် ပေပင်ဆိုင်းဆရာများထံ နည်းလမ်းတကျ ပညာသင်ကြားနေကြပါသည် ၊ ဆိုင်းဆရာကြီးများက တပတ်ကို နှစ်ရက်မျှသာ ဆိုင်းပညာကို သင်ကြားပေးသဖြင့် ကျန်အချိန်များမှာ မောင်ဘိုးထင်တို့ အားနေကြပါသည်၊ ယခု မောင်ဘိုးထင် ဘယ်မှ မသွားပဲ တန်းလျားတွင် အိပ်ရင်း ပါးစပ်မှ ဆိုင်းသံ ထွက်ပြီး ပါးစပ် ဆိုင်းတီးနေလေသည် ၊ ဦးအုန်းသည် ဆေးပေါ်လိပ်ကို ဖွာရှိုက်ရင်း
"ကောင်လေး "
"ဗျာအဘ "
"မင်းဒီနေ့ ဘယ်မှ မသွားဘူးလား "
"မသွားဘူးအဘ အဘက သွားစေချင်လို့လား "
"မဟုတ်ပါဘူးကွာ အိမ်မကပ်တဲ့ကောင်က အခု ငြိမ်နေလို့ ထူးဆန်းနေလို့ပါ "
မောင်ဘိုးထင်သည် အိပ်နေရာမှ ထထိုင်လိုက်ပြီး ဦးအုန်းကို သေချာကြည့်ကာ
"အဘမျက်နှာ ကြည့်ရတာ အဆင်ပြေတဲ့ပုံ မပေါ်ဘူး ဘာဖြစ်လို့လဲ အဘ ကျုပ်ကို ပြောဦး"
"ဘာမှ မဟုတ်ပါဘူးကွာ "
"အဘ ဘာဖြစ်နေတယ် ဆိုတာ တက်အပ်မသိပေမြ အဘ ကိစ္စတခုရှိတယ် ဆိုတာ ကျုပ်သိတယ် "
မောင်ဘိုးထင် ထိုသို့ပြောသော အခါ ဦးအုန်းသည် ဆေးပေါ်လိပ်ကို အားရပါးရ တချက်ဖွာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ် လ်ိုက်ကာ
"မင်းလည်း သိမှာပေါ့ ရွာဦးကျောင်းမှာ အထက်လမ်းဆရာ ရောက်နေတယ်ဆိုတာ "
"အင်း ကျုပ်သိတယ်လေ "
"အဲ့ကောင်က ငါ့ကို ပညာလာစမ်းတာ ဖြစ်မယ် ငါ လူတွေဘာတွေ ကို ငါ့ပညာနဲ့ မသတ်ချင်ဘူးကွာ "
"အဲ့တာဆို မသတ်နဲ့လေ "
"ငါက ဘယ်သူမှ မထိခိုက် အောင်နေပြီး ငါ့ဝါသနာပါတဲ့ ပညာနဲ့ အသက်မွေးနေတာ ပါ၊ တကယ့် အထက်လမ်းဆရာကြီးတွေ နဲ့ ငါနဲ့သိပါတယ် သူတို့က ငါ့ကို ခွင့်လွှတ်ထားကြတယ် ဘာလို့လဲဆိုတော့ ငါ့ပညာနဲ့ လူတွေကို ဒုက္ခမပေးလို့ပဲ အခုလို အထက်လမ်းပေါက်စလေးတွေက နာမည်ကြီးချင်တာ နဲ့ လူဆိုးလူကောင်းမခွဲဘူး ရမ်းပညာပြချင်နေကြတာ ခက်တယ် ကောင်လေးရေ "
"အဘ ဘယ်လို လုပ်ချင်လို့လဲ အဘ "
"သူတိုက်ခိုက်ရင်တော့ ငါကတော့ ခုခံရမှာပေါ့ကွာ လက်တွေဘာတွေ မလွန်ပါစေနဲ့ ပဲ ဆုတောင်းနေရတယ် "
မောင်ဘိုးထင် လေးနက်စွာတွေးနေပြီး တချက်ပြုံးလိုက်ကာ
"အဘ ဘာမှ မပူနဲ့ ကျုပ်တာ ဝန်ထား ဒီလူကို ကျုပ် ပညာပြလိုက်မယ် "
"မဖြစ်ပါဘူး ကောင်လေးရာ မင်းကို သင်ပေးထားတယ်ဆိုပေမဲ့ မင်းပညာတွေက နိမ့်သေးတယ် "
"ဘာပညာမှ မလိုဘူး ကျုပ်ပြောတဲ့ အတိုင်းသာ အဘ လုပ်ကြားလား "
မောင်ဘိုးထင်၏ မာန်ပါလှသော စကားကြောင့် ခေါင်းလေးညိတ်လို့သာ အသိအမှတ်ပြုလိုက်ရပါလေတော့သည်။

မန်ကျည်းပင် အရိပ်အောက်တွင် မောင်ဘိုးထင်တယောင် လွယ်အိတ်ကို လွယ်ပြီး မန်းကျည်းပင် ပင်စီကို မှီပြီးထိုင်နေသည် ၊ မကြာလှသောအချိန် တွင် ရွာမှ သူနှင့် အရွယ်တူ ကောင်မလေးများ နှင့် အနည်းငယ်ကြီးသော သူများ ဩစာသီး အစေ့လေးများ နှင့် ဇယ်လာတောက်နေကြသည် ၊ တချို့ေကာင်မေလးများက ဖန်ခုံတမ်းကစားနေကြသည်၊ ဖန်ခံုကစားနည်း ဆိုသည်မှာ မိန်းကလေးနှစ်ယောက် ခြေဆင်းထိုင်ပြီး သူတို့၏ ခြေထောက်များပေါ် တခြားတယောက်က ခုံနည်း မျိုးစုံ နှင့် ခုံနေလေသည် ၊ ခြေကို ခြေတဖောင်ကျိုး ဖြစ်ခုံလိုက် ခြေကလိမ် ခုံလိုက် နှင့် အသံစာစာ နှင့် ကစားနေလေရာ မောင်ဘိုးထင် ထို မိန်းကလေးများဆီသို့လျှောက်လာပြီး
"ဟဲ့ ကောင်မလေးတွေ ငါလည်းပါမယ် ပါလို့ ရလား"
ကောင်မလေးများသည် မောင်ဘိုးထင်ကို သေချာကြည့်ပြီး ဆံရစ်ဝိုင်းလေးနှင့် ကလေးမလေး တယောက်မှ
"နင်က ခုန်တက်လို့လား "
"ခုန်တက်တာပေါ့ ခြေကလိမ်လည်းရတယ် ခြေတဖောင်ကျိုးလည်း ရတယ် အကုန်ရတယ် "
"အဲ့တာဆို ပြီးတာ ပဲ နင်က မယ်လှတို့ ဘက်က ပါ"
မောင်ဘိုးထင် သည် သူပါရမည် မယ်လှအားကြည့်လိုက်သည် သူထက် တနှစ်မျှငယ် ဟန်ရှိသော လည်း ခပ်စွာစွာ ကလေးမေလးဖြစ်ရာ
"ဟဲ့ ဘိုးထင် နင်ငါ့တို့ဘက်က ပါရင် ကောင်းကောင်း ကစား ငါကြည့် မကူရစေနဲ့ "
"အေးပါဟ နင်ကလည်း ငါကစားတက်ပါတယ် "
ဤသို့ နှင့် မောင်ဘိုးထင် ခုန်ရမည့် အလှည့်ရောက်လာသည် ၊ ကောင်မလေးနှစ်ယောက် က ခြေထောက်လေးများ ဆင်းပေးပြီး လက်လေးများကို ခြေထောက်ပေါ် တင်လိုက်ကာ တပူး နှစ်ပူး သုံးပူး ဟုအော်ပြီး ပြောင်းပြောင်း ပေးနေသည် လေးပူး တွင်တော့ မောင်ဘိုးထင် ဒုက္ခ ရောက်ေချပြီ ဖြစ်သည် လေးပူးဆိုသည်မှာ ခြေဆင်းထားေသာ ကောင်မလေးနှစ်ေယာက်သည် ခြေထောင် နှစ်ချောင်း ထိပ်လေး ပေါ်တွင် သူတို့၏ လက်လေးမျာကို ထွာပြီး လေးဆင့် ဆင့်ထားချင်ဖြစ်သည် ၊ မောင်ဘိုးထင်သည် လေးပူးကို ပုဆိုးကို ခါးတောင်းမကျိုက်ပဲ တိုတိုဝတ်ကာ ခုန်လိုက်ချိန် ခြေဆင်းထားသောကောင်မလေး နှစ်ယောက်မှ အလန့်တကြား မက်တပ်ရပ်လိုက်ပြီး
"ဘိုးထင် ညစ်ပတ်တယ် ငါတို့ကို ပုဆိုး လှန်ပြတယ် မကစားတော့ဘူး နင့် ကို ဘကြီးအုန်း နဲ့ တိုင်မယ် "
ကောင်မလေး နှစ်ယောက်၏ စကားကြောင့် မောင်ဘိုးထင် ပြာပြာ သလဲ ဖြစ်သွားပြီး
"ဟ ငါ့တိုင်းငါ ခုန်နေတာ ပါ နင်တို့ကို ဘယ်မှာ ပုဆိုးလှန်ပြလို့လဲ ဟေ့"
"မသိဘူး နင်ညစ်ပတ်တယ် ငါတို့ မကစားတော့ဘူး "
ခြေဆင်းထိုင်နေသောကောင်မလေး နှစ်ယောက် မန်ကျည်းပင် အရိပ်မှ ထွက်ပြေးသွားသည် ကျန်သော ကေကာင်မလေးများက နားမလည်ဖြစ်ကာ ငုတ်တုပ်ထိုင်ပြီး ဘိုးထင်ကို ကြည့်နေလေသည် သူအားကြည့်နေသော ကောင်မလေးများအား
"ငါ ဘာမှ မလုပ်ဘူးနော် နင်တို့ သိတယ်မဟုတ်လား ငါက ဒီတိုင်းလေး ပဲ ခုန်နေတာကို "
မောင်ဘိုးထင်သည် ထိုသို့ပြောပြီး သူအားထိုင်ကြည့်နေသော ကောင်မလေးများအား ပုဆိုး တိုတို ဝတ်ပြီး ခုန်ပြလိုက်ရာ ခပ်စွာစွာ မယ်လှမှ အလန့်တကြားအသံ စတင်ထွက်လာသည်
"ဘိုးထင် မိုက်ရိုင်းတယ် ကောင်မလေးတွေးကို တုတ်ပြခဲပြလုပ်နေတယ် ဘကြီးအုန်းကို သွားတိုင်မယ် "
"ဟဲ့ နင်တို့က လည်း ဘာဖြစ်ပြန်တာ လဲ "
"နင် ညစ်ပတ်တယ် "
ဖန်ခုံနေသော ကောင်မလေးများသည် ဘိုးထင်အား ဆဲဆိုသူများက ဆဲပြီးသွားကြသလို ဦး အုန်းနှင့် တိုင်မည်ဟု ပြောသူပြောသွားကြကာ မန်ကျည်းပင် အရိပ်မှ မကျေမနပ်ထွက်သွားတော့သည် ဘိုးထင် လည်း ဘာဖြစ်တာ လဲ ဟု စိတ်ညစ်ကာ ဇယ်တောက် နေသော ကောင်မလေးများဘက်ကို ပုဆိုးတိုတို ဝတ်နှင့် မလှမ်းမကမ်းမှ ထိုင်ကြည့်နေလေရာ ဇယ်တောက်နေသော ကောင်မလေးတယောက်သည်သူအားလှည့်ကြည့်လာပြီးမောင်ဘိုးထင် ပြုံးပြလိုက်ချိန် ကောင်မလေးသည် စိတ်ဆိုးဒေါသထွက်လာပြီး
"ကောင်မတွေ ဟောဟိုမှ လူယုတ်မာ ဘိုးထင် ငါတို့ကို ခြိမ်းခြောက်နေတယ် မသာလေး လူယုတ်မာ ",
မောင်ဘိုးထင် ထက်ကြီးသူများက သူအားဆဲဆိုပြီး ထွက်ပြေးသွားပြန်ရာ ဘိုးထင် နားမလည်စွာ ဖြစ်ရင် ပေပင်ရွာက ကောင်မလေးတွေက သူ့အား ခွဲခြားဆက်ဆံသည်ဟုတွေးကာ စိတ်မကောင်း ဖြစ်နေစဉ် ပေတူး နှင့် သာအေး ရောက်လာကာ သာအေးမှ သူနှင့် မလှမ်းမကမ်းတွင် ရပ်ပြီး သူ့အား ကြည့်နေလေသည် ၊ မောင်ဘိုးထင် သည် စိတ်မကောင်း သည့် မျက်နှာ နှင့် သာအေးတို့အား
"သာအေး ငါတကယ်စိတ်မကောင်းဘူးကွာ ကောင်မလေးတွေက ငါကို ဆဲဆိုကြတယ် "
"ဆဲဆိုတာ နည်းသေးတယ် ပေးတူး ပစ်ကွာ အဲ့ကောင်အောက်ကို အဲ့နေရာ မွေခေါင်းဆို အသေပစ်ပလိုက် "
သားအေးနှင့် ပေတူး သူ၏ အောက်ကို ကြည့်ပြီး ပြောနေသောအခါမှ မောင်ဘိုးထင် သူ့အောက်သူပြန်ကြည့်လိုက်ရာ
",ဟိုက် သေပြီဟ သောက်ရှက်တော့ ကွဲပြီ "
မောင်ဘိုးထင်သည် အောက်စလွတ်နေသော သူ၏ ပုဆိုးကို ဖုံးလိုက်ရင်း မတ်တတ်ရပ်လိုက်ကာ
"သာအေးရေ ငါကို ကောင်မလေးအကုန် မြင်သွားပြီဟ ရှက်လိုက်တာကွာ "
မောင်ဘိုးထင်သည် ရှက်လွန်း၍ သာအေးတို့အား မကြည့်ဝံ့သည် ပုံစံလုပ်နေလေရာ သာအေးသည် မောင်ဘိုးထင်၏ နရင်းကို ခပ်စစ ရိုက်လိုက်ပြီး
"အခုမှ လာဖြစ်ပြမနေနဲ့ ချောင်းထဲ ရေသွားကူတော့ ကောင်မလေး တွေရှိတယ်ဆိုတာ မရဘူး တန်းလန်း တန်းလန်း နဲ့ ဆင်းကူးပြီး ခုမှရှက်ပြနေတယ် တကယ့်ကောင် "
"ဟ သာအေးရ အဲ့တာက အရင် နှစ်လလောက်ကလေ ငါလည်း လူပဲ နည်းနည်းတော့ပြောင်းလဲတာပေါ့ဟ "
"နောက်မှ ပြောင်းလဲ ကိုဖိုးထွေးက မင်းကို မင်းတို့တဲကို လာခဲ့တဲ့ ပြောစရာရှိလို့တဲ့ကွ "
"အေးအေး မင်းတို့လည်း လိုက်မှာ မဟုတ်လား "
"လိုက်မှာ "
"အဲ့တာ ဆိုသွားကြရအောင် တောက် ....အဘကို ဟိုဟာ မလေးတွေ တကယ်များသွားတိုင်ေနမလား မသိဘူးကွာ "
"မတိုင်လောက်ပါဘူးကွ တိုင်ရင်လည်း မွေနဲ့သူတို့လွဲနေတာ လို့ပြောကွာ မယုံဘူးဆို လက်တွေ့ပြရမလားသာ မေးလိုက်ကွာ "
သာအေး၏ ပေါက်ကရစကားကို မောင်ဘိုးထင် အကြံကောင်းသည်ဟု စိတ်ထဲ မှာ တွေးရင်း ကိုညိုမောင်ရှိသော ဦးအုန်း၏ တဲသို့ ခြေလှမ်းပြင်လိုက်ပါလေတော့သည် ။

ဦးအုန်း၏ တဲလေးသို့ မောင်ဘိုးထင်တို့ရောက်ချိန် ဖိုးထွေး နှင့် ကိုညိုမောင်သည် မြေအိုးတလုံးကို ရှေ့မှာ ချပြီး ပြုံးပြုံး နှင့် စားသောက်နေကြသည် ၊ မောင်ဘိုးထင်တို့ သူတို့အနားရောက်သောအခါ သာအေးသည် ဖိုးထွေးတို့ ရှေ့မှာရှိသော မြေအိုးထဲသို့ သစ်သား ဇွန်းလေး နှင့် ခပ်လိုက်ပြီး
"ဘိုးထင် ဒီလူတွေ သစ္စာဖောက်တွေ ကြက်သားတွေ ချက်စားနေတာ အရိုးတွေ ပဲ ကျန်တော့တယ် "
သာအေးစကားကြားသောအခါ ကိုညိုမောင်အား မောင်ဘိုးထင် စေ့စေ့ကြည့်ပြီး
"ကိုညိုမောင်ကြီး အဲ့လိုလုပ်တာတော့မကောင်းပါဘူး ဗျာ ကျုပ်တို့လာမယ် ဆိုတာ သိသိကြီးနဲ့ အကုန်စားပြစ်ရက်တယ် "
မောင်ဘိုးထင်သည် ပြောပြောဆိုဆို သာအေးဆီမှာ ဇွန်းအား ဖျက်ခနဲ ယူလိုက်ကာ အိုးထဲ မွှေလိုက်ပြီး အသားအနည်းငယ်ပါသော လည်ချောင်းရိုးလေးကို ပါးစပ်ထဲ ထည့်ဝါးလိုက်သည် အရိုးကို ဂျိုးးဂျိုး ဂျွတ်ဂျွတ်ဝါးနေသော မောင်ဘိုးထင်အား သူတို့အားလုံးငေးမောကြည့်နေစဉ် သာရ တယောက် လေလေး တချွန်ချွန် နှင့်ရောက်လာကာ
"ဟေ့လူတွေ ဘိုးထင်ကို မင်းသားထင်လို့လား ဝိုင်းကြည့်နေတာ "
"ဘယ်က ဟုတ်ရမှာ လဲ ဘိုးထင် ကြက်ရိုးတွေ ဝါးနေလို့ "
သာရသည် သာအေးပြောသောစကားကိုကြားသောအခါ ပြာပြာသလဲဖြစ်ကာ
"မင်းတို ဘိုးထင်ကို စိတ်ဆိုးအောင်လုပ်လိုက်တာ မဟုတ်လား "
"ဟုတ်မယ် ကွ ဒီကောင်ငါ့ကို ကြက်သား မချန်ထားရလားဆိုပြီး အပြစ်တင်နေတယ် "
"ထင်ပါတယ်ဗျာ "
သာရသည် လွယ်အိတ်ထဲမှ လေးဂွကို ထုတ်က တဲ ဘေး ကောက်ရိုး စလေးများကို ယက်နေသော ကြက်ဖကြီးအား လေးဂွနှင့် ချိန်နေေလရာ ကိုညိုမောင် အပြေးလေး သာရ၏ လေးဂွကို ဖမ်းဆွဲလိုက်ပြီး
"ဟ သာရ အဲ့တာ ငါ့တိုက်ကြက်ဖကြီးဟ မင်းမေကြီးတော် မမေးမစမ်း "
"သိဘူးလေဗျာ ဘိုးထင် စိတ်ဆိုးပြေအောင် တကောင် ချက်မှ ရမယ်ထင်လို့ "
သာရ၏ စကားကို မောင်ဘိုးထင်ကြားသောအခါ သာရအား ကြက်ရိုးဝါးနေရင်းကြည့်ကာ
"နာမည်ကြီးတော့ ညောင်ပင် စားတော့ အဲ့သရဲကြီး လုပ်မလို့ မဟုတ်လား "
မောင်ဘိုးထင်သည် သာရအား လက်ညှိုးထိုးပြီးပြောလိုက်ရာ
"အဲ့လို မဟုတ်ပါဘူးကွာ မင်းကို စားစေချင်လို့ပါ ဟ ,
မောင်ဘိုးထင် နှင့် သာရ စကာစပြောနေစဉ် ကိုညိုမောင် တဲပေါ်မှ နောက် ထပ်မြေအိုး တအိုးကိုယူကာ
"ဘိုးထင် ငါနဲ့ ဖိုးထွေးက အရိုးလေးတွေကိုက်နေတာပါကွာ အသားက ဒီမှာ ရော့ မြိုကြ စို့ကြ"
ကိုညိုမောင်တယောက် သူ၏ တိုက်ကြက်ဖကြီး အသက်ဘေးမှ လက်မတင်လေးလွတ်သွားပြီးနောက် စိတ်သိပ်မကြည် သူချက်ထားသော ကြက်သားအိုးအာ မောင်ဘိုးထင်တို့အနား ချပေးပြီး ငူငူကြီးထိုင်နေရာ မောင်ဘိုးထင် နှင့် သာရ တို့ နှစ်ယောက်သည် ကိုညိုမောင်၏ ဘယ်တဖက်ညာတဖက်မှာ နေ၍ မောင်ဘိုးထင်မှ
"ကိုကြီး ညိုမောင် ကျုပ်က အစတုန်းကတော့ ရွာလယ်က ဦးတုတ်ကြီးသမီး မတုတ်ကြီး အဲ ဟုတ်ပါဘူး အမကြီး မြင့် ခင် ပြောခိုင်းလိုက်တာလေး ပြောမလို့ဆိုပြီးတော့ဗျာ "
"ဟုတ်တယ် ကျုပ်လည်း မြင်တယ်ဗျ ကိုကြီးညိုမောင်ရ ၊ မကြီးမြင့်ခင် ရေခပ်နေတုန်း ဘိုးထင်နဲ့ းကားပြောတာ ကျုပ်တွေ့တယ် "
ညာဘက်ဘေးမှာ ရှိသော သာရမှ မောင်ဘိုးထင် စကားကို ထောက်ခံလိုက်ရာ ကိုညိုမောင် မျက်နှာ အချိုး အနည်းငယ် ပြောင်းလာ ပြီး မောင်ဘိုးထင်ဘက် ကို မေးငေါ့ပြီး ပြောဆိုသော အမူအယာလုပ်ပြနေရာ မောင်ဘိုးထင်သည်
"ကိုကြီးညိုမောင် မသိချင်ရင်လည်း ကျုပ်မပြောတော့ပါဘူးဗျာ မကြီးမြင့်ခင်တော့ သနားပါတယ် သူက ခင်ဗျား ကို သိပ်ပြောပြချင်နေတာ "
မောင်ဘိုးထင်၏ စကားများမှာ ကိုညိုမောင် ဟန်မဆောင်နိုင်တော့ စိတ်ဆိုးနေသည့် စိတ်က ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ကာ ပြုံးဖြီးသော မျက်နှာ ကြီးဖြစ်
"ပြောပါ ဘိုးထင်ရာ ပြောပါကွ ဟေ့ကောင်တွေရပ်စမ်း လက်ဖယ် အဲ့ ထဲက အသဲနဲ့ အမြစ်က ငါ့ကောင်ဘိုးထင် အတွက်ကွ"
ကိုညိုမောင်သည် မောင်ဘိုးထင်ကို စကားပြောနေရင်း ကြက်သားအိုးကို လက်လှမ်းနေကြသော ဖိုးထွေးတို့အား အော်လိုက်ကာ ဟန့်တားလိုက်ချင်းဖြစ်သည် ၊ ထို့အတွက် ဖိုးထွေးတို့ ဇွန်းလေးကို ပြန်ချပြီး ငြိမ်နေကြလေသည် ၊ ထို့နောက် ကိုညိုမောင်သည် မောင်ဘိုးထင်အား သကာလိုချိုသော အပြုံးကို ဖန်တီးလိုက်ပြီး
"ပြော ပြော ဘိုးထင်လေ း မြင့်ခင်က ဘာပြောလဲ"
"သူပြောတာက ဗျာ "
"ပြော ပြော ဘိုးထင်လေး "
"ထမင်းစားပြီး ရေသောက်တဲ့ "
"ငါ့လခွီး အဲ့လိုတော့ပြောမှာ မဟုတ်ဘူး ဟေ့ကောင် "
"ဟာ ကိုကြီးညိုမောင်ကလည်း ထမင်းနင်နေမှာ ဆိုးလို့ စေတနာ နဲ့ ပြောတာ နေမှာပါ စေတနာတွေ စေတနာတွေလေ "
"အဲ့လို တွေးတော့လဲ ဟုတ်သားဟ ပြောပြော နောက်ထပ်ဘာပြောလဲ "
"လမ်းလျှောက်ရင် ရှေ့ကြည့်လျှောက်တဲ့ ချုံတောထဲ သေးမပေါက်နဲ့တဲ့ဗျ "
"ဟေ့ကောင် ဟေ့ကောင် ဒါကြီးတော့ ပြောမှာ မဟုတ်ဘူး မင်း လျှောက်ပြောနေတာ "
"လမ်းလျှောက်ရင် ရှေ့ကြည့်ေလျှာက်ဆိုတာ ခလုတ် ကန်သင်းတွေ မတိုက်မိအောင် ပြောတာနေမှာပေါ့ စေတနာတွေ စေတနာတွေ "
"အေးဟုတ်တယ်ဟ အဲ့တာဆို ချုံထဲ သေးမပေါက်နဲ့ ဆိုတာ ငါ့ကို မွေပါးကင်းပါး စိတ်ပူလို့ထင်တယ်ကွ "
"အဲ့တာတော့ ဟုတ်ဘူးဗျ ကိုကြီးညိုမောင် သူ့ကို လာချောင်းရင် သူအိမ်ရှေ့က ဟိုပန်းရုံကြီးထဲ သေးဝင်ဝင်ပေါက်နေတော့ မကြီးမြင့်ခင် အဘက သေးစော် နံတယ်တို ပြီး သူ့ကိုငေါက်နေလို့တဲ့ ဗျာ "
"ဟာ ကွာ "
ရှက်သွားသော လူပျိုကြီး ကိုညိုမောင်ဘေးမှ မောင်ဘိုးထင် နှင့် သာရ ထလိုက်ပြီး ဖိုးထွေးတို့ အနားသွားကာ
"ကိုဖိုးထွေး ခင်ဗျား ကျုပ်ကို ပြောစရာရှိတယ်ဆို ပြောလေဗျာ "
"နောက်မှ ပြောမယ် ကွာ မင်းကောင်တွေ ပုံလည်း ကြည့်လိုက်ဦး ငါနဲ့မင်း စကားတခွန်း ပြောနေတုန်း ကြက်သားတတုံးကုန်မဲ့ ရုပ်ကြီးတွေ "
ဖိုးထွေးပြောမှာ မောင်ဘိုးထင်သည် သာအေး နှင့် ပေတူး ထို့နောက် သာရ တို့ကို တလှည့်စီကြည့်လိုက်သည် ဖိုးထွေးပြောသော အမှန်တရားကို နားလည်ကာ ခေါင်းတချက်ကို အသာအရာ ညိတ်လိုက်ပြီး အရင်ဆုံး အသဲ မြစ်တစုံကို ခက်လိုက်ကာ စားလိုက်ပါလေတော့သည်။

ကိုညိုမောင်တယောက် သူချက်ထားသော ကြက်သားအိုးကို တလှည့် မောင်ဘိုးထင်တို့ကို တလှည့် ကြည်နေသည်၊ သူတို့အားကျောခိုင်းပြီး သူပိုးနေသော မြင့်ခင်လေးအား ရေအိုးပင့် နေသည်ဟု တွေးပြီး ပြန့်အလှည့်တွင် ကြက်သားအိုးမှ အရိုးပင်မကျန်လေရာ အံဩလွန်း၍ ကြည့်နေချင်းဖြစ်သည် ၊ ထိုနောက့် မောင်ဘိုးထင်တို့အား
"မင်းတို့က လူတွေကော ဟုတ်ရဲ့လား ငါချစ်သူလေး မြင့်ခင်ကို စိတ်ကူးထဲ ရေအိုးလေးပင့်ပေးတုန်းပဲရှိသေးတယ် ကြက်တကောင်ချက်က ကုန်ပြီး"
"ကိုကြီး ညိုမောင်က ဘယ်ရေအိုးတွေပင့်နေမှန်းမှမသိတာ ကျုပ်တို့ မြန်တာ မဟုတ်ဘူး ကိုကြီးညိုမောင်ကြီး ရေအိုးပင့်နေတာ ကြာနေတာ ကို့အပြစ်နဲ့ ကိုပေါ့ဗျာ "
"အေးပေါ့ကွာ မင်းတို့ ခေတ်ကို လုပ်ထားဦးပေါ့ ကွာ "
"ဘာလဲ မကြီးမြင့်ခင်ကို ကိုညိုမောင်ကြီးက ကပ်စေးကြီး လို့ပြောလိုက်ရမလား"
"မပြောပါနဲ့ ကျေးဇူးရှင်တို့ရယ် ကြောက်ပါပြီ "
ကိုညိမောင် မကျေမနပ်နှင့် ကြက်သားအိုးများသွားတေးနေလေ၏ ၊ထိုအခါမှ မောင်ဘိူးထင်သည် ဖိုးထွေးအား
"ကိုဖိုးထွေး ပြောစရာရှိတယ်ဆိုတာပြောလေ "
"အေး မင်းလည်း ရွာဦးဘုန်းကြီးကျောင်းမှ အထက်လမ်းလိုလို ဘာလိုလို လူတယောက် ရောက်နေတယ်ဆိုတာ သိတယ်မဟုတ်လား "
"သိတယ်လေ ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာ လဲ အဲ့လူက ငါ့အဘကိုပြောနေတာ ငါကြားခဲ့တယ် "
"ဘာပြောတာလဲ ကိုဖိုးထွေး "
"ဒီလူက တို့ဘကြီးအုန်းကို အစွယ် ချိုးပြမယ် တဲ့ကွ ပြီးတော့ ပညာတွေနုတ်ပြစ်ပြီး နူအောင်လုပ်မယ်တဲ့ကွာ "
"တောက် မိုက်ရိုင်းလိုက်တဲ့ လူ ငါ့အဘက ဘယ်သူကို ဒုက္ခပေးဘူးလို့လဲ "
"အေး ဟုတ်တယ် အဲ့တာ ကြောင့် ငါလည်း မင်းကို ပြောပြရတာ ဦးအုန်းကို စိတ်ပူလို့"
"စိတ်မပူပါနဲ့ ဗျာ အဘက သူ့ကို နိုင်ပါတယ် ဒါပေမဲ အဘက သူ့ပညာနဲ့ လူမသတ်ချင်ဘူးတဲ့ ဒီလူကိုက သတ်မှ နိုင်မဲ့ ပုံတဲ့ ဗျ"
"အဒ့တာဆို ဘယ်လို လုပ်ကြမလဲ ဘိုးထင် "
မောင်ဘိုးထင် အတန်ကြာတွေးနေသည် ေမမင်ဘိုးထင်အား ဝိုင်းကြည့်နေကြသည် ထိုထဲတွင် ကိုညိုမောင်လည်းပါသည် ၊ ထို့ောနက် ေမ။င်ဘိုးထင်သည် လက်ဖျောက်တချက်ကို တီးလိုက်ကာ
"သိပြီဗျာ ဘာလုပ်ရမယ် ဆိုတာ "
"အေး သိရင် ပြောစမးမ်းပါဦးကွ "
သိချင်စိတ်ကဆိုးနေသော ကိုညိုမောင်ကြီးက ပထမဆုံးမေးနေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ကိုညိုမောင်ကို ကြည့်ပြီး
"ကျုပ်က အဖန်သေ ာက်မှ အကြံမြောက်မယ် ထင်လို့ ကိုကြီးညိုမောင် ရေနွေးကြမ်းလေးတည်ပေးလို့ ပြောမလို့ပါ "
"တောက် မင်းကလည်းကွာ ငါတော့ တကာ်မျညးလားလို့ "
"စတာပါ လာကြလာကြ ဒီမှာ ဝိုင်းဖွဲ့ကြ ကျုပ်တိုးတိုးလေးပြောပြမယ် ငနက် အကူအညီတော့ယူရမယ် "
မောင်ဘိုးထင်အနားသို့ သူတို့အားလုံးဝိုင်းဖွဲ့လိုက်ပြီး ခေါင်းကို တညိတ်ညိတ်လုပ်ပြီးနားထောင်နေကြပါလေတော့သည် ၊

ဦးအုန်းတယောက် အိမ်ဝိုင်းထဲတွင် ရှေ့လျှောက် နောက်လျှောက်လုပ်နေသည် ၊သူတခုခုကို စိတ်ပူနေပုံရသည် ၊ မောင်ဘိုးထင် ထမင်းချက်နေရင်း ဖြစ် ဦးအုန်းကို ကြည့်လိုက်သည် အမြဲ စကားပြောရင် တဟားဟား နဲ့ ရယ်တက်သော ဦးအုန်း ဟိုအထက်လမ်း ဆရာရောက်လာကတည်းမှ အရယ် အပြုံးနည်းသွားတာ သိသာပေသည် ၊ ထိုေနာက် ထမင်းင်းအိုး ငှဲ့လိုက်ပြီး မီးကျည်းခဲပေါ်တွင် ထမင်းကိုနှပ်လိုက်ကာ ဦးအုန်းအနားသွားလိုက်ပြီး
"အဘ ဘာတွေ စိတ်ပူနေတာ လဲ "
"ငါ ကို ဟိုအထက်လမ်းဆရာ စိန်ခေါ်သွားတယ် ကွာ "
"ဘာလို့လဲ အဘက ကြောက်လို့လား "
"ကြောက်လို့ မဟုတ်ပါဘူးကွာ ငါ့ရှုံးရင်လည်း ငါခံရမှာ ငါနိုင်ရင်လည်း အထက်လမ်းဆရာကြီးတွေက ငါ့ကို ရန်သူလို သဘောထားမှာ ငါတော့ခက်ပြီကောင်လေးရေ "
စိတ်ညစ်နေသော ဦးအုန်းအား မောင်ဘိုးထင် သနားနေမိသည် သူသို့ မဟုတ်တာတွေဘယ်လောကု လုပ်လုပ် နောက်က အမြဲတမ်း မဆူမငေါက် ပြုံးရွှင်ပြီး ကူညီပေးသော ဦးအုန်း အခုတောလ သူမရယ် မပြုံနိုင် ဖြစ်နေချင်းကြောင်ပေ ၊ ထို့ေနာက် မောင်ဘိုးထင်သည် ဦးအုန်းအား စကားဆိုလိုက်သည်
"အဘ ဘာမှ မဆိုးရိမ်တော့ နဲ့ အဘတပည် ကျုပ်လုပ်လိုက်မယ် "
"ကောင်လေး မင်း နဲ့ မဆိုင်ပါဘူးကွာ "
"ဘာလို့ မဆိုင်ရမှာ လဲ အဘက ကျုပ်အဘဗျ"
"အေးလေ အဲ့တာကြောင့် မင်းကို ထိခိုက်မှာ ဆိုးလို့ပါ "
"ဘာမှ မထိခိုက်စေရပါဘူးဗျာ ကျုပ်ကို ငနက်ကိုတော့ ခိုင်းခွင့်ပေးပါ "
"ရပါတယ်ကွ မင်းစိတ်ကြိုက်ခိုင်းပါ "
"အဲ့တာဆို ရပြီ အဘ အိမ်ရှေ့တန်းလျားမှာ ဒူးနှံ့ပြီးသာနေတော့ဗျို့ "
မောင်ဘိုးထင်သည် ပြောပြောဆိုဆို ငနက်ကို ထားသော သစ်ပင်ဆီသို့ ထွက်ခွာ သွားပါလေတော့သည် ။

ရွာလူကြီး၏ အိမ်တွင် လူများစုရုံးရောက်ရှိနေသည် ၊ ရွာလူကြီး၏ သားဖြစ်သူ ဖိုးထွေးမှာ အပ မှီနေသောကြောင့်ဖြစ်သည် ဖိုးထွေးသည် လူကြီးများချုပ်ထားသည့် ကြားက အတင်းရုန်းကန်ပြီး
"တရွာလုံးကို သတ်မယ် တရွာလုံးကို စားမယ် "
ကျယ်လောင်သော အော်သံကြီးနှင့် အတင်းရုန်းကန်နေရာ ရွာလူကြီး နှင့် သူ၏ဇနီးသည် မည်သို့ လုပ်ရမည်မှန်း မသိဖြစ်နေစဉ် သာရမှ ရွာလူကြီးအား
"ရွာလူကြီး ဘုန်းကြီးေကျာင်းက အထက်လမ်းဆရာကို သွားခေါ်ရမလား "
"အေးအေး ကောင်းတယ် သွားခေါ်"
သာရသည် ရွာဦးကျောင်းမသွားခင် မန်ကျည်းပင်အရိပ်မှာ သာအေးတို့ အဖွဲ့အား မျက်စိမှိတ်ပြလိုက်ရာ သူတို့ အဖွဲ့သည် ရွာလူကြီး၏ အိမ်သို့ သွားကြပါလေတော့ သည်။

ဖိုးထွေးအား ရွာလူကြီး၏ အိမ်ရှေ့ခန်းတွင် လူနှစ်ယောက် ချုပ်ထား၏ သူ၏ ရှေ့တွင်တော့ အထက်လမ်းဆရာ တပလ္လင်ခွေထိုင်နေ၏ ၊ အထက်လမ်းဆရာသည် မာန်ဟန် အပြည့်နှင့် ဖိုးထွေးအား မေးနေလေသည်
"ကဲ မင်းဘယ်သူလဲ ပြောစမ်း "
"ငါ ငနက် "
"ငနက် မင်းနေရာ မင်းပြန် သင့်တယ် မထင်ဘူးလား "
"မထင်ဘူး ငါ့ဒီကောင့်ကို မကျေနပ်ဘူး"
"ဟားဟား ဆရာရှေ့လာ ပြီး မခန့်လေးစားလုပ်ေနတယ် ၊ေဘးက နှစ်ယောက် လွှတ်လိုက်စမ်း ကဲ ဒီငမိုက်သားကို ဆိုင်ရာက ကြိုးနဲ့တုပ်စမ်း "
အထက်လမ်းဆရာ၏ စကားဆုံးသည် နှင့်ဖိုးထွေးကို ချုပ်ထားသော လူကြီး နှစ်ယောက်သည် လွှတ်ပေးလိုက်ရာ ဖိုးထွေးသည် အထက်လမ်းဆရာ၏ ရှေ့တွင် ထိုင်ပြီး လက်နောက်ပြန်သွား၏ သို့ပေမဲ့ ဖိုးထွေးသည် ရုန်းကန်နေလေရာ
"ဆိုင်ရာကဒီငမိုက်သားရဲ့ခေါင်းကို နင်းစမ်း"
ဖိုးထွေးသည် လက်နောက်ပြန်နေရာမှ ခေါင်းသည်အောက်သို့ ငုံ့သွားတော့သည် ၊ ရွာလူကြီး အိမ်ပေါ်မှ ရှိသော ရွာသားများသည်လည် တိုးတိုးနှင့် အထက်လမ်းဆရာအား ချီးမွှန်းနေလေရာ အထက်လမ်းဆရာသည် ဝင့်ဝင့်ထည်ထည် ဖြစ်စေရန် ခါးကို မတ်ပြီးနေကာ ဝင်ပူးခံနေရသော ဖိုးထွေးအား
"ကဲ မင်းက ဒီကောင်လေးကို ဘာမကျေနပ်လို့ဝင်ပူးတာလဲ "
"ဒီကောင် ငါ့အပင်ကို လေဂွနဲ့ ထုတယ် သေးနဲ့လည်းပန်းတယ်း ဆဲလည်းဆဲတယ် ငါမကျေနပ်ဘူး "
"စိတ်လျော့ပါ ကြားက ငါပဲ တောင်းပန်ပါတယ် "
"မင်းရဲ့ သီလ သမာဓိကို ငါသိနေလို့ ခွှင့်လွှတ်လိုက်မယ် နောက်တခါ လုပ်ရင် အသေသတ်မယ် "
"စိတ်ချပါ ကျုပ်ဆုံးမထားပါမယ် မင်း သွားနိုင်ပြီ "
အထက်လမ်းဆရာ ခွှင့်ပြုလိုက်သည်နှင့် ဖိုးထွေး ဆက်ခနဲတုံသွားပြီး ဘေးမှာ ကြည့်နေသော လူများကို ငေးကြောင် ကြည့်နေကာ သူ၏ အဘအား
"အဘ ကျုပ်ဘာဖြစ်တာ လဲ "
"မင်းကို ဒီက ဆရာက ကုပေးလိုက်တာ ဆရာ့ကို ကန်တော့လိုက် "
ဖိုးထွေး အထက်လမ်းဆရာကို မကန်တော့ ခင် အိမ်ပေါ် ပတ်ကြည့်လိုက်သည် ၊ ထိုနောက် သာရတို့ အဖွဲ့အား ဟိုမှာ သည်မှာ တွေ့ရသော အခါမှ ဖိုးထွေး အလက်လမ်း ဆရာကို ကန်တော့းလိုက်သည် ပထမ တကြိမ်ကန်တော့ပြီးသောအခါ ဖိုးထွေးပြန်မထ ပဲ ကုန်းကုန်းကြီး ဖြစ်နေလေသည်၊ အချိန် အတန်ကြာလို့ မထသေးသော အခါ အထက်လမ်းဆရာမှ ဖိုးထွေး၏ ဦးခေါင်းကို လက်နှင့် ပွတ်လိုက်ပြီး
"ငါ့ညီ ထလို့ ရပါပြီ "
"ဘာ..ငါ့ညီလဲ ငါ့နာမည် တုတ်ကြီးကွ ဆယ်ကျွန်းပြန် တုတ်ကြီး"
အထက်လမ်းဆရာ မျက်လုံး အဝိုင်းသား နှင့် ဖိုးထွေးကို ငေးနေလေသည် ၊ သာရသည်က မျက်နှာအနည်းငယ် ပျက်သွားသည် သူတို့ညှိှထားသည် ့ အထဲ ဖိုးထွေးပြောရမည်မှာ တကျွန်းပြန် တုတ်ကြီးဖြစ်သည် ယခု ဖိုးထွေးပြောလိုက်သည်မှာ ဆယ်ကျွန်းပြန် တုတ်ကြီးဖြစ်နေသောကြောင့် ဖြစ်သည် ၊ ငနက်အား ဖိုးထွေးကို အရင်ပူးခိုင်းလိုက်ပြီး အထက်လမ်းဆရာကို မျက်စိလှည့်လိုက်ချင်းဖြစ်သည် ၊ ယခု ဖိုးထွေးကို ဘယ်သူမှ မပူးပါ သူ့ကိုယ်သူပူးချင်း ဖြစ်သည် ၊ အထက်လမ်းဆရာ သည် ကြောင်ငေးရင်းမှ သတိရလာကာ
"ဟဲ့ အနှောက် အယှက်ဝင်ပြန်ပြီလား မင်းက ဘာလို့ချင်လို့လဲ "
"မိကျော့"
ဖိုးထွေးသည် အထက်လမ်းဆရာက ဘာလို ချင်လဲဟုမေးနေသော အခါ ချက်ချင်း မိေကျာ့ဟု ဖြေလိုက်မိသည် ၊ မောင်ဘိုးထင်တို့မှ ဖိုးထွေးအား ဘာလိုချင်လဲဟု မေးသောအခါ မိကျော့ဟု ဖြေနေကြကြောင့် လွှတ်ခနဲ ထွက်သွားချင်းဖြစ်သည် အထက်လမ်းဆရာသည် နားမလည်ဟန်ဖြစ်
"ဘာလဲ မိကျော့ဆိုတာ အခုပြောစမ် "
"မိကျော့ဆိုတာ ငါ့မိန်းမ ငါ့မိန်းမကို ဒီရွာမှာ ထား ထားတယ် အခုငါပြန်လိုချင်တယ် "
"ဒီကောင်တွေ နှောက်ယှက်နေတာ ပဲ ရော့ ဒီမှာ သိမ်ဝင် အင်းအစွမ်းမြည်းကြည့်စမ်း"
အထက်လမ်းဆရာသည် သိမ်ဝင်အင်းကို ဖိုးထွေ၏ ရှေ့ ချလိုက်ရာ ဖိုးထွေးသည် အတော်နာကျင် သည့်သန် လူးလိမ့်ကာ ဆက်ကနည်း တချက်တုန်သွားကာ။ အထက်လမ်းဆရာအား
"ဆ ဆရာ ကျုပ်ဘာဖြစ်သွားတာလဲ "
အထက်လမ်းဆရာ ကျနေသော ချွေးများကို လက်နှင့် သုပ်ရင်း
"မင်းကို ကျွန်းပြန်တုတ်ကြီး ဝင်ပူးနေတာ "
အထက်လမ်းဆရာသည် တကယ်ဝင်ပူးနေသော ငနက်အား အမှန်တကယ် ထုတ်နိုင်ပေမဲ့ လူပူးဖြစ်သော ဖိုးထွေးအား သူအပ ထုတ်နိုင်ပြန်ပြီဟု ထင်နေပြန်သည် ၊ ထိုအချိန် သာအေးသည် လေးဘက်ကုန်းကြီးနှင့် အထက်လမ်းဆရာ နားရောက်လာကာ ကိုက်ခဲမည့်ပုံပြုနေရာ အထက်လမ်းဆရာ အနောက်သို့ လူကို လဲချလိုက်ရတော့သည် ရွာသားများက သာအေးအားဆွဲချုက်ထားလိုက်ရပြန်တော့သည် ၊ သာအေးသည် တဝုတ်ဝုတ် နှင့် ဟောင်နေလေရာ သာရာ ချွေးဇော်များ ပြန်နေလေတော့သည် ၊ သူ သာအေးအား ကျားလို အော်ဟုပြောရာ သာအေးမှ ကျားကဘယ်လို အော်တာလဲ ဟု ပြန်မေးသည် ၊ သာရသည် သူ့အား ရွဲ့ပြီးမေးသည် ထင်ကာ ဝုတ်ဝုတ် လို့အော်တယ် ကွာဟု ပြောလိုက်မိသည် ၊ ယခု သာအေး တဝုတ်ဝုတ် ဖြစ်နေပေသည် ၊ ထိုအချိန် ရွာလယ်မှ အပျိုကြီး မမြင့်ခင်သည် လက်အုပ်ချီလိုက်ပြီးး ထိုလက်အုပ်နှင့် နဖူးကို တဖြောင်းဖြောင်း မြည်အောင် ရိုက်နေကာ
"ငါလာတာ ဘယ်သူမှ မှ ဘာမှ မဆက်ဘူးလားဟဲ့ ငါသားတော်ရဲ့ ခွေးလေးပျောက်သွားလို့ ငါလာခေါ်တယ်ဟေ့ "
ဦးတုတ်ကြီးသမီး မမြင့်ခင်ကြီးသည် သူ၏ တုတ်ခိုင်နေသော ကိုယ်ခန္ဒာကြီးကို လက်မထောက်ပဲ အသည်းအသန်ထရပ်လိုက်ပြီး သာအေးအနားသွား၍ သာအေး၏ခေါင်းကို ပွတ်သပ်ေပးနေလေသည် ၊ သာရ သက်ပျင်းချလိုက်မိသည် စီးတော်ကျားကို လာခေါ်ခိုင်းသော မမြင့်ခင်ကြီးက အလိုက်တသိေခွးဟု ပြောင်းပြော ၍ တော်သေးသည် မဟုတ်ပါလား ၊ ဤသို့ နှင့် ရွာလူကြီး အိမ်တွင် အမျိုးမျိုး အဖံုဖံု ဝင်ပူးနေကြတော့သည် နောက်ဆုံး ရွာလူကြီးပင် ဝင်ပူးနေလေရာ အထက်လမ်းဆရာ ဇော်ချွေးများ ပြန်နေပြီဖြစ်သည် ၊ အတွေ့အကြုံ မရင့်ကျတ်သော အထက်လမ်းဆရာ တကယ်ပညာတက်ပေမဲ့ လူတွေ၏ မာယာမှာ ကျရှုံးနေရပြီဖြစ်သည် ၊ ထိုသို့ တဆူဆူ တညံညံ နှင့် ဖြစ်နေချိန် မောင်ဘိုးထင် လက်ကို နောက်ပြစ်ပြီး ဟိတ်နှင့် ဟန် နှင့် အထက်လမ်းဆရာ အနားသွားရပ်လိုက်ပြီး
"ငါ ဆရာကြီး ဦးအုန်းရဲ့ တပည်လာနေတာကို တောင် ဗရမ်းဗတာ နေဝံ့နေကြလားဟဲ့ "
မောင်ဘိုးထင်သည် ထိုသို့ပြောပြီး ခြေစောင့်လိုက်ရာ ဝုန်းခနဲ အော်သံနှင့် အတူ ဝင်ပူးနေသော သူများငြိမ်သွားရာ ရွာသားများတအံတဩဖြစ်နေကြသည်၊ ထို့နောက် မောင်ဘိုးထင်သည် ဝင်ပူးနေသူများကို ကြည့်ကာ
"ဒါ ဆရာကြီး ဦးအုန်းရွာ နှောက်ယှက်ဝံ့နေတယ် လား တခါသေလို့ မဝလို့ နောက်တခါသေရဲနေတာလား မသေချင်ရင် အခုထွက် နောက်တခါ ဘယ်တော့ မှ ဝင် မပူးနဲ့ ဟဲ့ ထွက် "
မောင်ဘိုးထင် မှာ ထွက်ဟုပြောပြီး ကြမ်းပြင်ကို ဖနောင့် နှင့် ပေါက်လိုက်ရ ဝင်ပူးနေသော လူများအကုန်ငြိမ်သွားနေတော့သည် ၊ ထိုအခါ ရွာသားများမှ
"ဘိုးထင် အကောင်သာ သေးတာ အဆိပ်ပျင်းတယ်တော့ "
"ဟုတ်ပ အထက်လမ်းဆရာက ဂဂျိုးဂဂျောင်ဖြစ်နေတာ ဘိုးထင်လာလို့တော်သေးတယ် "
"အထက်လမ်း ဆရာက တကောင်ပဲ ထုတ်နိုင်တာ တို့ဘိုးထင်က ဖနောင့် တချက်ပေါက်တာနဲ့ အကုန်ထွတ်တာဟ"
"ဟုတ်ပ ဘိုးထင် ပညာအစွမ်း အံမခန်းပဲ ဟေ့"
ရွာသားများ ထိုသို့ပြောနေကြသောအခါ အထက်လမ်းဆရာမျက်နှာ မထားတက်အောင်ဖြစ်နေကာ သူ၏ လွယ်အိတ်ကို ယူပြီး ထရပ်လိုက်ရာ ဝင်ပူးတာ ငြိမ်သွားပြီဖြစ်သော ရွာလူကြမှ
"ဆရာ ကျုပ်လိုက်ပို့ပါမယ် ရွာဦးကျောင်းကို "
"လိုက်မပို့တော့နဲ့ ကျုပ်ရွာဦးကျောင်းကို မသွားတော့ဘူး ကျုပ်ပြန်ပြီ ရွာလူကြီး "
အထက်လမ်းဆရာသည် ပြောပြောဆိုဆို အိမ်အောက်သို့ ဆင်းသွားလေတော့သည်၊ ထိုအခါမှ မောင်ဘိုးထင်တို့သည် တယောက်ကို တယောက်ကြည့်ကာ ပြုံးနေကြပါလေတော့သည်။

"ဟားးဟားး"
ဦးအုန်းတယော က် မောင်ဘိုးထင်တို့ အထက်လမ်းဆရာကို ပညာပေးလိုက်ပုံကို ပြောနေကြသောအခါ တဟားးဟား နှင့် ပွဲကျနေ၏၊ ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်တို့အား ကြည့်ကာ
"မင်းတို့ ဒီလိုအကြံညဏ်ကို ဘယ်ေကာင်ထွက်တာလဲ ဟ"
"ဘယ်သူရမှာလဲ အဲ့ကောင်ဘိုးထင်ပေါ့ "
"နေပါဦး ရွာလူကြီးက ဘယ်လို လုပ်ပြီးပူးသွားတာလဲ "
ဦးအုန်းက ထိုသို့မေးသော အခါ ဖိုးထွေးသည်
"အဘက အစကတည်းက ဦးအုန်းကို ရန်ရှာနေတဲ့ အထက်လမ်းဆရာကို သဘောမကျဘူးဗျ ကျုပ် ဘိုးထင် နဲ့ တိုင်ပင် ထားတာကို ပြောလိုက်မိတယ် "
"ကောင်းပ ကွာ နေပါဦး မြင့်ခင်က ဘယ်လိုပါလာရတာလဲ "
"အဲ့တာ ကိုကြီးညိုမောင်ပေါ့ သူသိတာတွေ လျှောက်ပြောတာလေ အဲ့တာနဲ့ မကြီးမြင့်ခင်က ကျုပ်တို့နဲ့ တိုင်ပင်ပြီး ပူးတော့တာပဲ တော်သေးတယ် ပေတူးကို မခိုင်းလို့ ဒီကောင် ကျွဲပူးပြီး အထက်လမ်းဆရာကို လိုက်ခက်မယ် ကြည့်လုပ်နေလို့ မနည်းတားရသေးတယ် "
ဦးအုန်းသည် ေမာင်ဘိုးထင်တို့ အဖွဲ့ကို ကြည့်လိုက်သည် တကယ်ကို သူအားကူညီပြီး၍ အောင်မြင်သောကြောင့် ပျော်ရွှင်နေကြသည် ၊ ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်တို့အားကြည့်ကာ
"ကဲ မင်းတို့ ငါ့ကို ကူညီတဲ့အတွက် တောထဲ မှာ ကြက်သုံးကောင်သွားချက်စားကြကွာ ထန်းရည်တော့ အချိုပဲ သောက်ရင်သောက်ကြ ငါရှင်းမယ် "
ဦးအုန်းမှ ထိုသို့ပြောလိုက်သောအခါ အားလုံးဝမ်းသာသွားကြသည် ဝမ်းသာနေသော မောင်ဘိုးထင်တို့အား ဦးအုန်းမှာ စကားဆက်ပြောလာပြန်သည်
"ကောင်လေးတွေ သွားတာလာတာ သတိထား ငါတို့ နဲ့ မလှမ်းမကမ်း ရွာမှာ ဓားပြတိုက်ခံရပြီး လူတယောက်အသတ်ခံရတယ် တဲ့ "
ဦးအုန်းစကားကြားရသော အခါ မောင်ဘိုးထင် တချက်တွေးလိုက်မိသည် ထိုအတွေးသည်က တခြားမဟုတ်ပေ သူ၏ ပေပင်ရွာကို ဓားပြတိုက်ရင် ငါနဲ့တွေ့မည်ဟု စိတ်ထဲမှ ကြံုးဝါးနေပါလေတော့သည်။


No comments
Post a Comment