တောထဲမှ အဖွားအို(စ-ဆုံး)

............................. အချိန်ကား ၁၉၁၁ ခုနှစ် ရခိုင် ရိုးမကြီးရဲ့ တောင်ခြေရှိ ရွာကလေး တစ်ရွာတွင် မောင်အေး ဆိုသည့် ဆယ်ကျော်သက်အရွယ် လူပ... thumbnail 1 summary

.............................


အချိန်ကား ၁၉၁၁ ခုနှစ်
ရခိုင် ရိုးမကြီးရဲ့ တောင်ခြေရှိ ရွာကလေး တစ်ရွာတွင် မောင်အေး ဆိုသည့် ဆယ်ကျော်သက်အရွယ် လူပျိုပေါက်ကလေးရဲ့ တစ်ယောက်အကြောင်းဖြစ်သည်။မောင်အေးသည် အမေ တစ်ခု သားတစ်ခု ဖြစ်သည် မောင်အေးကို သူ၏မိဘများက အသက်ကြီးချိန်ရောက်မှသာ မွေးဖွားခဲ့သည်။ကံဆိုးချင်ပြန်တော့ မောင်အေး အသက်၃နှစ်အရွယ်တွင် သူ၏ အဖေသည် အမဲလိုက်သွားရာ တောကောင်ကိုက်၍ သေဆုံးခဲ့သည်။

မောင်အေးသည် အသက်သာငယ်သော်လဲ လိမ္မာရေးခြားရှိပြီး အမေအိုကို လုပ်ကျွေးနေသူဖြစ်သည်။ရပ်ထဲရွာထဲတွင် တောက်တိုမယ်ရ လုပ်ရင်း ရတာလေးတွေနဲ့ အမေအိုကို လုပ်ကျွေးရှာသည်။အရပ်ကလဲ သူတို့သားအမိကို သနား၍ ပေးကမ်းစွန့်ကြဲကြသည်။မောင်အေးတွင် အလုပ်ချင်ဆုံး အလုပ်တစ်ခု ရှိသည်။

အဲ့ဒါကတော့ မောင်အေးသည် သူ့အဖေကဲ့သို့ အမဲလိုက်မုဆိုးတစ်ယောက်လုပ်ချင်ခြင်းဖြစ်သည်။သို့သော်သူ၏အမေက သူ့အဖေဖြစ်ရပ်ကို သင်ခန်းစာယူကာ အကုသိုလ်အလုပ်များကို မလုပ်စေချင် သို့သော်မောင်အေးသည် သူ၏ အမေ လစ်ချိန်တွင် တောထဲဝင်ကာ ယုန်ထောင်ခြင်း ငှက်ပစ်ခြင်းများလုပ်တတ်သည်။

တစ်နေ့ မောင်အေး တောထဲဝင်၍ ငှက်ပစ်နေချိန်တွင် ထူးဆန်းသော အဖွားအိုကြီး တစ်ဦးနှင့်တွေ့လေသည်။ အဖွားအိုသည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည် ဝတ်ရုံ ဟောင်း အပြဲကြီးကို ခြုံကာ ခြစားနေဟန်တူသော တုတ်ကောက်တစ်ချောင်းကိုလဲ ကိုင်ထားသည်။ မျက်နှာ၌လည်း အနာကြီးရောဂါများဖြစ်နေသည် ကျန်နေရာများကတော့ အဝတ်များဖုံးနေသည့် အတွက် မမြင်ရပေ။မောင်အေး သည်အဖွားအိုကို ရပ်ကြည့်နေခိုက် အဖွားအိုသည် မောင်အေးကိုတွေ့ကာ "လူလေးရယ် အဖွားကို ကူပါဦး အဖွားတောထဲ ထင်းခွေလာရင်းလမ်းပျောက်လာလို့ပါ" မောင်အေးသည် ခနမျှစဥ်းစားလိုက်သည် ထိုအဖွားအိုကိုမောင်အေးတစ်ခါမျှမတွေ့ဖူးချေ အနီးနား ရွာများမှ ဟုတ်ဟန်မတူဟု မောင်အေးတွေးမိသည် ပြီးတော့လဲ သူ့ပုံစံက ထင်းခွေလာတဲ့ပုံနှင့်လဲမတူပေ။မောင်အေး ရပ်စဥ်းစားနေခိုက်မှာ အဖွားအိုသည် ဒေါသသံဖြင့် "ဟဲ့ ဒီကောင်လေး လူကြီးသူမက ကူဖို့ခေါ်နေတာကို မလာဘူး ကြည့်စမ်း တွေ့မယ်" ဟုဆိုကာမောင်အေးရှိနေရာသို့လျှောက်လာခဲ့သည်။လျှောက်လာခဲ့သည်ဆိုသော်လဲ လေပေါ်၌ရွေ့လာသကဲ့သို့ လျင်မြန်လှသည်။မောင်အေးအနားသို့ရောက်သောအခါ မောင်အေး မျက်လုံးများကိုကြည့်ကာ ပါးစပ်ကလည်း တစ်ခုခုကို တစ်တွတ်တွတ်ရွတ်နေလေသည်။

ထိုအခါမောင်အေး သည် ခေတ္တမျှ ကြောင်သွားလေသည်။ရွတ်ပြီးနောက် မောင်အေး မျက်နှာကို တံတွေးဖြင့်ထွေးကာ ပါးစပ်ကလည်း ထပ်ရွတ်ပြန်သည်။ထိုအခါ မောင်အေးသည် လူ"အ" တစ်ယောက်ကဲ့သို့ဖြစ်ကာ အကြည့်များလဲ ဝေတေတေ ဖြစ်နေတော့သည်။ထို့နောက်အဖွားကြီးက "နင်သွား နင့်ရွာကိုပြန် ဗုဒ္ဓဟူး သမီး အပျိုစင်တစ်ယောက်ကို ငါ့ဆီခေါ်လာခဲ့ပေး ခေါ်လာလို့မရရင် ချုပ်ဖမ်းခေါ်လာခဲ့ သွား"ဟုပြောလိုက်သည်။မောင်အေးက မျက်နှာသေဖြင့် "ဟုတ်ကဲ့" ဟုတုန့်ပြန်ကာ ရွာရှိရာလမ်းသို့ ထွက်ခဲ့သည်။မှန်သည် ထိုအဖွားကြီးကား အောက်လမ်း ကဝေတစ်ယောက်ဖြစ်သည်။

သူ၏ပညာ အဆင့်မြင့်စေရန် နယ်လှည့်၍ လူသွေးဖြင့်ယစ် ပူဇော်ခြင်း ကျင့်စဥ်ကိုလုပ်ဆောင်နေခြင်းဖြစ်သည်။ယခုမောင်အေးတို့ ရွာနှင့်နီးသော ရခိုင်ရိုးမသို့ရောက်ရှိလာခြင်းဖြစ်သည်။ မောင်အေးသည် ရွာပြန်ရောက်သော် လမ်း၌ မိတ်ဆွေများနှင့်တွေ့ကာ မိတ်ဆွေများက နှုတ်ဆက်သော်လည်းခွန်းတုန့်မပြန်ဘဲမျက်နှာသေဖြင့်သာ သွားနေခဲ့သည်။မောင်အေးတို့ရွာ၌ ကွမ်းတောင်ကိုင်အချောအလှလေး လဲ့လဲ့တင် ဆိုသည့် မိန်းကလေးရှိသည်။သူသည်မောင်အေး၏ သူငယ်ချင်း အရင်းပင်ဖြစ်သည်။မောင်အေးအိမ်မရောက်ခင်၌ လဲ့လဲ့တင်နှင့်တွေ့သည်။ထိုအခါမောင်အေးက လဲ့လဲ့တင်ကို ကြည့်ကာ "ဟဲ့ လဲ့လဲ့ နင်ဗုဒ္ဓဟူး သမီးမလား" လဲ့လဲ့တင်ကလည်း "အင်း ဟုတ်တယ်လေ ငါ့သူငယ်ချင်းဖြစ်ပြီး ဒါလေးတောင်မသိဘူးလား" မောင်အေးက "ဟုတ်တယ်ဆိုရင် ငါနဲ့လိုက်ခဲ့"
"ငါကဘယ်ကိုလိုက်ရမှာတုန်း" လဲ့လဲ့တင် စကားပြောအပြီးတွင် မောင်အေးသည် သူ့လက်ကိုဆွဲကာ တောထဲကိုဝင်သည့်လမ်းဘက်သို့သွားခဲ့သည်။သူတို့နှစ်ယောက်တောထဲသို့ဝင်သွားသည်ကို တွေ့လိုက်သူများရှိသော်လည်း သမီးရည်းစားဟုထင်ကာ ဘာမှမပြောကြပဲ ပြုံးပြုံးနှင့်သာကြည့်နေခဲ့ကြသည်။

တောထဲသို့ရောက်သောအခု အသင့်စောင့်နေသော အဖွားအိုက "ငါ့သားလေးတော်တယ်" ဟုဆိုကာ လဲ့လဲ့တင်လက်ကို ဆွဲကာ ပြောလိုက်သည်။ထိုအခါ လဲ့လဲ့တင်သည် ကြောက်လန့်ကာ ရုန်းလေတော့သည်။ ရုတ်တရက်မို့ အဖွားအို လက်ကလွှတ်ကာထွက်ပြေးလေတော့သည် အဖွားအိုက "ဟဲ့ ငမဲနဲ့ လက်ပွား အဲ့ဒီကောင်မလေး ကို ဖမ်းခေါ်လာခဲ့" ဟု သူ့နောက်ကျောကို ကြည့်ကာ ပြောလိုက်သည် သူ့နောက်ကျောတွင် တစ်ဦးတစ်ယောက်မျှ မရှိသော်လဲ ပြေးသွားသောခြေသံများကို ကြားရကာ လဲ့လဲ့တင် သည်လည်း ဖမ်းခေါ်လာရသကဲ့ သို့ အဖွားအို အနားသို့ ပြန်ရောက်လာခဲ့သည် လဲ့လဲ့တင်သည် အတင်းရုန်းကန်နေသော်လည်း တစ်စုံတစ်ခုက ချုပ်ထားသကဲ့သို့ဖြစ်နေသည်။

လဲ့လဲ့တင်ကို အဖွားအို ၏ သရဲနှစ်ကောင်က ချုပ်ထားခြင်းဖြစ်လေသည် ထို့နောက်အဖွားအိုသည် ပါးစပ်က တစ်စုံတစ်ခုကိုရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် တောကြီးလဲ မဲမှောင်လာကာ သူ့ရှေ့တွင် နတ်စင်ကဲ့သို့သောအရာတစ်ခု နှင့်သွေးများပေကျံနေသော ဖလားတစ်လုံးနှင့် ကျောက်သား ဓားတစ်လက်ပေါ်လာခဲ့သည်။လဲ့လဲ့တင်သည် ငိုယိုကာ မောင်အေးအား အကူအညီတောင်းနေသော်လည်း မောင်အေးသည် ကျောက်ရုပ်ကဲ့သို့သာ ထီးထီးကြီး ရပ်နေခဲ့သည်။

ထို့နောက်အဖွားအိုသည် သူ၏ဝတ်ရုံကိုချွတ်လိုက်သည် အဖွားအို၏ကိုယ်သည် လူအသားအရေကဲ့သို့ဖြစ်မနေပဲ မြွေအကြေးခွံကဲ့သို့ဖြစ်နေသည်။ထို့နောက်အဖွားအိုသည် မန္တာန်များကို စတင်ရွတ်ဆိုလေတော့သည် ရွတ်ဆိုပြီးနောက် လဲ့လဲ့တင်၏ လည်မျိုကို ဓားဖြင့်ဖြတ်ကာ သွေးများကို ဖလားဖြင့်ခံယူလိုက်သည် ထို့နောက် စင်ပေါ်သို့တင်ကာ မန္တာန်များကိုရွတ်ပြန်တော့သည်။ရွတ်ပြီးသောအခါ တောအော်သံများကဲ့သို့ အသံများခေတ္တဖြစ်ပေါ်ပြီးနောက် ကောင်းကင်သည် ပြန်လည်ကြည်လင်လာခဲ့သည်။

အဖွားအိုသည်မောင်အေးကိုကြည့်ကာ "နင်ရွာကိုပြန်တော့" ဟု အမိန့်ပေးသည့် လေသံဖြင့်ပြောလိုက်သည်။မောင်အေးလဲရွာကိုပြန်လာခဲ့သည်။ထို့နောက်အဖွားအိုလဲ မြူခိုးမြူငွေ့များသဖွယ် ဖြစ်ကာ ပျောက်သွားခဲ့သည်။ကျန်ခဲ့သည်ကား လဲ့လဲ့တင်၏အလောင်းပင်ဖြစ်သည်။ညဘက်တွင် လဲ့လဲ့တင်ပျောက်နေသောကြောင့် သူ၏မိဘများက ရွာလူကြီးထံပြေးအကြောင်းကြားလေတော့သည်။

ထိုအခါ ရွာလူကြီးသည် မောင်းတီးကာ ကာလသားများကိုစုစည်းပြီး အကျိုးအကြောင်းပြောကာ လဲ့လဲ့တင် ကိုရှာရန်စတင်တော့သည်။ကာလသားများထဲကတစ်ဦးက "သူကြီး နေ့လည်လောက်က လဲ့လဲ့တင်နဲ့မောင်အေး တောထဲဝင်သွားတာတွေ့လိုက်တယ်" ဟုဆိုသည်။သူကြီးက "ဟေ ဟုတ်လား အဲ့တာဆို မောင်အေး အိမ်ကိုအရင်သွားကြည့်ကြမယ် လာလာသွားကြမယ်" ဟုဆိုကာ သူကြီးဦးဆောင်သော အဖွဲ့သည် မီးတုတ်များ တုတ်ဓားလက်နက်များဖြင့် မောင်အေးအိမ်သို့ရောက်ခဲ့သည်။

မောင်အေးသည် သူ၏အိမ်တွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ပဲ ထိုင်နေသည်။သူ၏ အမေကား လူကြီးဖြစ်သောကြောင့် အိပ်နေဟန်တူသည်မတွေ့ရချေ။ သူကြီးက "မောင်အေး မင်းနေ့ခင်းက လဲ့လဲ့တင်ကိုခေါ်ပြီး တောထဲဝင်သွားတယ်ဆို ခု လဲ့လဲ့တင်ပျောက်နေတယ် အဲ့ကိစ္စ ရှင်း" ဟုပြောသည်။မောင်အေးဆီက ဘာခွန်းတုန့်ပြန်ခြင်းမရှိ။ထိုအခါသူကြီးလဲ စိတ်တိုလာပြီး "ဟေ့ကောင်တွေ အဲ့ဒီ မောင်အေးကိုဖမ်းခေါ်ခဲ့ကွာ ငါ့အိမ်မှာ ထိတ်တုန်းခတ်ထား ငါတို့လဲ့လဲ့တင်ကို ဆက်ရှာမယ် ဟိုကောင်အိမ်ပေါ်တက်ရှာ" သူကြီးအမိန့်သံဆုံးသည်နှင့်ရွာသားတစ်ဦးသည်အိမ်ပေါ်သို့တက်သွားသည် ပြန်ဆင်းလာသောအခါ "သူကြီး အိမ်ပေါ်မှာ မောင်အေးအမေအိုကြီး လည်ပင်းက ကိုက်ရာကြီးနဲ့သေနေတယ်"
"ဟာ" "ဟင်" သူကြီးနှင့်ရွာသားများလန့်သွားသည်။မောင်အေး၏အမေကို သူကိုယ်တိုင်ကိုက်သတ်လိုက်ခြင်းပင်ဖြစ်သည် အဖွားအို၏တံတွေးတွင် မကောင်းသည့်အရာများပါဝင်ကာမောင်အေးစိတ်ရိုင်းဝင်သွားခြင်းဖြစ်လေသည်။

သူကြီးက "ဟေ ဟုတ်လား" ဆိုကာမောင်အေးသို့ကြည့်ကာ စစ်မေးလေတော့သည်။သို့သော်မည်သည့်အဖြေမျှမရချေ။သူကြီးလည်းဒေါသ ငယ်ထိပ်ရောက်သွားကာ "ဒီကောင်ကို ထိတ်တုန်းခတ် ခွေးနဲ့တိုက်မေးကွာ" ဟုအမိန့်ပေးလိုက်သည်။ ထိုစဥ်မှာပဲ ရွာသားတစ်ဦးအပြေးရောက်လာကာ "သူကြီး သူကြီးတောထဲမှာ ကျုပ်လဲ့လဲ့တင်အလောင်းတွေ့ခဲ့တယ်"
သူကြီးက "ဒါဒီကောင့်လက်ချက်ပဲနေမယ်"ဟုဆိုကာ ရွာသားများကိုအလောင်းအားသွားယူရန်အမိန့်ပေးလိုက်သည်။ထို့နောက်သူ့အိမ်သို့ပြန်ခဲ့ကာ မောင်အေးအားဖမ်းခေါ်ခဲ့ခိုင်းသည်။အိမ်သို့ရောက်သော်မောင်အေးအားအလောင်းများကိုပြကာအမျိုးမျိုးစစ်မေးသော်လည်းအဖြေမရသည့်အတွက် ဒေါသအလွန်ထွက်ကာ မောင်အေးအားသတ်ခိုင်းလိုက်လေသည်။အချိန်ကားတရားဥပဒေ စိုးမိုးမှုသေချာမရှိသည့်အချိန်ဖြစ်သည့်အတွက် သူကြီးကပင်ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။မောင်အေးလဲသေသွားရရှာပြီ။
သို့သော်သူကြီးနှင့်ရွာသားများမသိိလိုက်သည်က တောထဲမှ အဖွာအိုပင်ဖြစ်လေသည်။

လောရင့်(၂၅.၈.၂၀၂၃)

#ညမဖတ်ရ

No comments

Post a Comment