“နာနာဘာဝ အပိုဆု”
ဒီနေ့ညအတွက် စပြောပြတော့မယ်နော် ထက်သူ အင်္ကျီနဲ့ ၃ထည် ၊ ပုဆိုး ၂ကွင်းနဲ့ မျက်နှာသုတ်တဘတ်တစ်ထည်နဲ့ သွားတိုက်တံတစ်ချောင်းကို ကျောပိုးအိတ်ထဲ ထည့်ပြီး လမ်းထိပ်ထွက်လာခဲ့တယ် ။ ခရီးသွားဖို့တော့မဟုတ် ... ဒီနေ့က ဦးမောင်ရဲ့ ခြံထဲမှာသွားအိပ်ရမှာ ။ ဦးမောင်ဆိုတာက ထက်သူရဲ့ အလုပ်ရှင်...အလုပ်ရှင်ဆိုပေမယ့် ထက်သူတို့ ၀န်ထမ်းတွေအပေါ် အမြဲ စစ နောက်နောက်နဲ့ ပျော်တတ်ပြီး ဟိတ်ဟန်တစ်စက်မှမရှိတဲ့ လူပျိုကြီး ။ ဒီတော့ ဦးမောင်က ထက်သူအတွက်တော့ အစ်ကိုလို ဦးလေးလို ချစ်ခင်လေးစားရတဲ့ အလုပ်ရှင် ... အခုလည်း ထက်သူ သွားစောင့်ပေးရမှာက ဦးမောင် ပစ္စည်းတွေလှောင်တဲ့ ဂိုထောင်ခြံ...ခြံစောင့်တွေသီးသန့်ရှိပေမယ့် အခု ခြံစောင့်နှစ်ယောက်ထဲက တစ်ယောက်က နယ်ပြန်သွားလို့ဆိုပြီး ထက်သူကို ခဏသွားစောင့်ပေးခိုင်းတာ ။ ထက်သူတစ်ခါမှ မရောက်ဖူးသေးပေမယ့် ခြံကအတော်ကြီးကျယ်တယ်လို့ကြားဖူးတယ် ။ ခြံစောင့်တောင် နှစ်ယောက်ငှားထားရတယ်ဆိုတော့ အတော်လေးကျယ်မယ်လို့ ခန့်မှန်းမိတယ် ။ ထက်သူက ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် သွားမယ်ပြင်ပေမယ့် ဦးမောင်က သူ့ကားသမားလွှတ်ပြီး အကြိုလွှတ်ခိုင်းပေးတယ် ။ ဒါနဲ့ပဲ လမ်းထိပ်မှာအသင့်စောင့်နေတဲ့ ကားပေါ်တက်လိုက်လာပြီး ဦးမောင် ရဲ့ ခြံဆီ ဦးတည်ထ...